Connect with us

Economy

ကမ္ဘာ့ကုန်စည်ကူးသန်းရောင်း၀ယ်ရေး နိုင်ငံတကာပလက်ဖောင်းကြီးအဖြစ် ကွမ်ကျိုးကုန်စည်ပွဲတော် အောက်တိုဘာ ၁၅ ရက်တွင် စတင်

၁၂၆ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပွဲတော် ဖွင့်ပွဲပထမနေ့ မြင်ကွင်းတစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော်ကြီးကို အောက်တိုဘာ ၁၅ ရက်က ကွမ်ကျိုးမြို့တွင် စတင်ခဲ့ကြောင်း သိရသည်။ ကုန်စည်ပွဲတော်ကျင်းပနေသည့် သတင်းအချက်အလက်များအရ လက်ရှိတွင် ကွမ်ကျိုး ကုန်စည်ပွဲတော်ကြီးသည် ကောင်းမွန်တည်ငြိမ်တိုးတက်နေရာ ပါဝင်ပြသသည့် ကုန်ပစ္စည်းများ ပိုမိုအရည်သွေးကောင်းလာပြီး ပြည်ပ ကုမ္ပဏီလုပ်ငန်းများနှင့် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ အကျိုးရှိထိရောက်စွာဝင်ရောက်နိုင်ရန်  အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။

ကွမ်ကျိုးကုန်စည်ပွဲတော်သည် ဧရိယာ အကျယ်အ၀န်း စုစုပေါင်း  ၁ ဒသမ ၁၈၅ သန်း စတုရန်းမီတာ ၊ ပြခန်းပေါင်း ၆၀,၆၇၆ ခန်း၊ ပါဝင်ပြသသည့် ပြည်တွင်းပြည်ပလုပ်ငန်းပေါင်း ၂၅,၆၄၂ ရှိကြောင်း သိရသည်။ ကုန်စည်ပွဲတော်၏ သွင်းကုန်ပြပွဲကို ပွဲတော် ပထမကာလနှင့် တတိယကာလတွင်ကျင်းပသွားမည်ဖြစ်ရာ ပြခန်းစုစုပေါင်း ၉၉၈ ခု ၊ ထုတ်ကုန်ပစ္စည်းဧရိယာ ၆ ခုရှိရာ နိုင်ငံနှင့် ဒေသပေါင်း ၃၈ ခု မှ ကုမ္ပဏီလုပ်ငန်းပေါင်း ၆၄၂ ခုပါဝင်ပြသကြရာ နိုင်ငံနှင့်ဒေသအလိုက်  ပြပွဲအုပ်စု ၁၁ ခု ထားရှိကြောင်း သိရသည်။

“ကုန်စည်ပွဲတော်ရှိ သွင်းကုန်ပြပွဲကို ၂၀၀၇ ခုနှစ် စတင်ထားရှိတဲ့အချိန်ကစပြီးပြောရမယ်ဆိုရင် လာရောက်ပါဝင်ပြသတဲ့ ပြည်ပစီးပွားရေးလုပ်ငန်းစုစုပေါင်း သောင်းနဲ့ချီရှိပြီဖြစ်ရာ ကမ္ဘာ့ကုန်စည်ကူးသန်းရောင်း၀ယ်ရေး နိုင်ငံတကာပလက်ဖောင်းကြီးတစ်ခုဖြစ်နေပါပြီ။ ဒီပြပွဲက ပြ ည်ပစီးပွားရေးလုပ်ငန်းတွေ၊ ကုန်ပစ္စည်းတွေ တရုတ်ဈေးကွက်အတွင်းကို အကျိုးရှိထိရောက်စွာ ဝင်ရောက်နိုင်အောင် အထောက်အပံ့ဖြစ်စေရုံသာမက ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ချဲ့ထွင်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။”ဟု ကုန်စည်ပွဲတော် ပြောရေးဆိုခွင့်ရှိသူ တရုတ်နိုင်ငံ ပြည်ပ ကုန်သွယ်ရေးဗဟို ဒုတိယ ညွှန်ကြားရေးမှူး ရွှီပင်းက ဆိုသည်။

ယခုကျင်းပသည့် ကွမ်ကျိုးကုန်စည်ပွဲတော်ရှိ သွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ တစ်လျှောက် နိုင်ငံနှင့်ဒေသ ၂၁ ခုမှ ကုမ္ပဏီလုပ်ငန်း ၃၆၇ ခု ပါဝင်ပြသခဲ့ရာ ၎င်းမှာသွင်းကုန်ပြပွဲ၏ ၆၀ ရာခိုင်နှုန်း ခန့် ဖြစ်ကြောင်း သိရသည်။  “ကုန်စည်ပွဲတော် သွင်းကုန်ပြပွဲ ကျင်းပသည့် ၁၂ နှစ်ကြာ ကာလတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် နိုင်ငံနှင့်ဒေသများမှ စီးပွားရေးလုပ်ငန်းပေါင်း ၈,၀၀၀ ကျော် ပြသပြီး ဖြစ်ရာ သွင်းကုန်ပြပွဲမှာ ကုန်စည်ပွဲတော်၏ အဓိက အစိတ်အပိုင်းဖြစ်ကြောင်း သိရသည်။

“ကွမ်ကျိုး ကုန်စည်ပွဲတော်က ရပ်ဝန်းနှင့်ပိုးလမ်းမ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါသည့် ပလက်ဖောင်းဖြစ်ရာ  နှစ်စဉ် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံနဲ့ဒေသများ မှလာရောက်ပါဝင်တဲ့ အဝယ်ကုန်သည်လုပ်ငန်းရှင်က စုစုပေါင်းဝယ်လက်ကုန်သည်တွေရဲ့ ၄၅ ရာခိုင်နှုန်းရှိပြီး အဆက်မပြတ်တိုးတက်လာနေတယ်” ဟု ရွှီပင်းက ဆိုသည်။ 

လက်ရှိ ကွမ်ကျိုး ကုန်စည်ပွဲတော်ကြီးသည် ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၇၂ ခုမှ စီးပွားရေးအဖွဲ့အစည်းပေါင်း ၁၂၈ ခုနှင့် မိတ်ဖက်ဆက်ဆံရေးထားရှိပြီးဖြစ်ကြောင်း သိရသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းမှုကို လက်ကိုင်ထားပြီး ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး ၊ အရောင်းမြှင့်တင်မိတ်ဆက်ပွဲ၊ ဆွေးနွေးပွဲဖိုရမ်၊ အရောင်းအဝယ်လက်တွေ့ညှိနှိုင်းမှု၊ စီးပွားရေး ခရီးသွားဝန်ဆောင်မှုစသည်တို့ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြရာ ယခုအကြိမ်ကျင်းပသည့် ကွမ်ကျိုး ကုန်စည်ပွဲတော်တွင် နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ကျော်မှ အဝယ်ကုန်သည်လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ပြည်သူအများကို အရည်အသွေးမြင့်ဈေးနှုန်းသင့်တင့်သည့် ပြည်တွင်းပြည်ပနိုင်ငံတကာ ထုတ်ကုန်များကို အတူ မျှဝေခံစားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.