Connect with us

Economy

ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ကုမ္ပဏီလုပ်ငန်းများသည် ကွမ်ကျိုးကုန်စည်ပွဲတော်ရှိ သွင်းကုန်ပြပွဲတွင် အများဆုံးနေရာယူထား

ကွမ်ကျိုးကုန်စည်ပွဲတော် ကျင်းပမည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွမ်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

၁၂၆ ကြိမ်မြောက် ကွမ်ကျိုးသွင်းကုန်ထုတ်ကုန်ကုန်စည်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ရာ ယခုကျင်းပမည့်ကုန်စည်ပွဲတော် ရှိသွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် ကုမ္ပဏီလုပ်ငန်းများက ပါဝင်မှုအများဆုံး ဖြစ်ကြောင်း  ၎င်းကုန်စည်ပွဲတော်ဖွင့်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် နိုင်ငံနှင့်ဒေသပေါင်း ၂၁ ခုမှ ကုမ္ပဏီလုပ်ငန်း ၃၆၇ ခုက  ပါဝင်ပြသမည်ဖြစ်ရာ ကုန်စည်ပွဲတော်ရှိ သွင်းကုန်ပြပွဲ၏ ၆၀ ရာခိုင်နှုန်းနီးပါး ဖြစ်ကြောင်း သိရသည်။ 

အဆိုပါကုန်စည်ပွဲတော်၏ ပထမကာလနှင့် တတိယကာလ တွင် သွင်းကုန်ပြပွဲထားရှိမည်ဖြစ်ရာ ၎င်း၏စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမီတာ ၂ သောင်းရှိပြီး ပြခန်းစုစုပေါင်း ၉၉၈ ခု ၊ထုတ်ကုန်ပစ္စည်း ဧရိယာ ၆ ခု ထားရှိထားကြောင်း သိရသည်။ 

ကုန်စည်ပွဲတော်၏ ပြောရေးဆိုခွင့်ရှိသူ ရွှီပင်း၏ မိတ်ဆက်ပြောကြားချက်အရ ယခုကျင်းပ မည့် ကွမ်ကျိုးကုန်စည်ပွဲတော်ရှိ သွင်းကုန်ပြပွဲကို ဘက်စုံအရည်အသွေးမြှင့်တင်ထားပြီး ပို၍ပွင့်လင်းသော နိုင်ငံတကာ အများပြည်သူ၏ပလက်ဖောင်းအဖြစ် တည်ဆောက် ထားကြောင်း၊ နိုင်ငံတကာ နာမည်ကျော် အရည်အသွေးမြင့် စံနမူနာဖြစ်သည့် ကုမ္ပဏီလုပ်ငန်း များ ၊ ကမ္ဘာ့စက်မှုထုတ်ကုန်လုပ်ငန်းအဖွဲ့များ စုစည်းနေရာ နိုင်ငံနှင့်ဒေသပေါင်း ၃၈ ခုမှ  ကုမ္ပဏီလုပ်ငန်း ၆၄၂ ခုပါ၀င်ကြောင်း ၊ ပြပွဲအုပ်စု ၁၁ ခု ထားရှိရာ  ကနေဒါနှင့် ဂျပန်မှာ ထပ်တိုးပြပွဲ အုပ်စုသစ်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကုန်စည်ပြပွဲရှိ သွင်းကုန်ပြပွဲ အုပ်စု ၁၁ ခုတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် နိုင်ငံနှင့်ဒေသများမှလာသော ပြပွဲအုပ်စုသည် ၈ ခုထိ ရှိကြောင်း  ရွှီပင်းက ဆိုသည်။ 

ကွမ်ကျိုးကုန်စည်ပွဲတော်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး  ကုန်သွယ်မှုမြှင့်တင်ရေး ပလက်ဖောင်းအနေဖြင့် တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံနှင့်ဒေသ ကုန်သွယ်ရေးအဆင်ပြေချောမွေ့လွယ်ကူစေရန် တွန်းအားဖြစ်သည့် အရေးပါသော ပလက်ဖောင်း ဖြစ်ရာ စုစုပေါင်း ပါဝင်ပြသခဲ့သည့် ကုမ္ပဏီလုပ်ငန်းပေါင်း ၈၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.