Science & Technology
ရန်ကုန်တိုင်းဒေသကြီး ရှိ နာနတ်တော-ဘုရင့်နောင် လေးလမ်းဆုံ လူကူးခုံးကျော်တံတား လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ကမာရွတ်ရဲစခန်း လမ်းဆုံဖြစ်သော နာနတ်တော- ဘုရင့်နောင် လေးလမ်းဆုံမီးပွိုင့်တွင် လူကူးခုံးကျော်တံတားတည်ဆောက် လျက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး ပြီဖြစ်၍ ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါလမ်းဆုံသည် ဘုရင့်နောင် လမ်း၊ လှည်းတန်းလမ်း၊ နာနတ်တော လမ်းနှင့် အောက်ကြည့်မြင်တိုင် လမ်းဆုံသော လမ်းလေးလမ်းဆုံရာ နေရာဖြစ်သည့်အပြင် ရဲစခန်း၊ ကျောင်း၊ စာတိုက်၊ ဆေးရုံနှင့် ဆင်မလိုက်ဈေးသို့ ဖြတ်သန်းသွားလာ ရာနေရာ ဖြစ်သည်။ ယာဉ်မပြတ် ဖြတ်သန်းရာ လမ်းဆုံတွင် ယာဉ် အန္တရာယ်ရှိသော နေရာဖြစ်သည့် အတွက် လူကူးခုံးကျော်တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူကူးခုံးကျော်တံတား အောက် ဘက် ကြက်လှျာစွန်းနေရာ၌ လှေကားလေးစင်းတွင် တပ်ဆင်ထား သော လုံခြုံရေးကင်မရာအလုံး ၂၀ နှင့် လျှပ်စစ်စက်လှေကားသုံးခုအတွက် ကွန်ထရိုးစင်တာကို တည်ဆောက် ထားသောတံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားမှာ ၅၂၅ ပေ ရှည်လျားပြီး ယာဉ်ကင်းလွတ် အမြင့်မှာ ပေ ၂၀ ရှိကြောင်း၊ တံတား လျှောက်လမ်းအကျယ်မှာ ၁၁ ပေရှိ၍ ကြွေပြားခင်းထားသော အကျယ်မှာ ကိုးပေခွဲရှိကာ စက်လှေကားသုံးစင်း နှင့် ရိုးရိုးလှေကားတစ်စင်းဖြင့် လှေကားလေးစင်းပါရှိကြောင်း၊ လူကူး ခုံးကျော်တံတားကြီး မြန်ဆန်စွာ ပြီးစီးရန် တည်ဆောက်လျက်ရှိပြီး တံတား မျက်နှာကြက်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ ဆေးသုတ် ခြင်းနှင့် လှေကားဘေးအကာများ တပ်ဆင်ခြင်းတို့ အပြီးသတ် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ကျော် ပြီးစီးလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)