Connect with us

Science & Technology

ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်  တည်ဆောက်ရေး စီမံကိန်း  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ဒီဇင်ဘာ ၂၉ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်  တည်ဆောက်ရေး စီမံကိန်းကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ လေဆိပ်တည်ဆောက်ရေး ပြီးစီးပါက ATR-72  လေယာဉ်များ   ဆင်း/တက်   အသုံးပြုနိုင်ရန် အတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အပြင် ပေ ၆၀ အမြင့်ရှိ လေကြောင်း ထိန်းမျှော်စင်နှင့်တွဲလျက် မီးသတ် အဆောက်အဦ၊ DVOR အတွက် Structure Foundation တည်ဆောက်ရေး လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်းသိရသည်။မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ကွင်း ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုရှိကြောင်း ၊ ယခုဆောင်ရွက်လျက်ရှိသော ဆူရ်ဘုန် လေယာဉ်ကွင်းသစ်တည်ဆောက်ပြီးစီးပါက တောင်တန်းထူးထပ်သော  ချင်းပြည်နယ်အတွက် ပထမဆုံးလေဆိပ် ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.