Connect with us

WORLD

ပြည်ပမီဒီယာများ က  အမေရိကန် နိုင်ငံ ၏ COVID-19 ရောဂါ ကိန်းဂဏန်းများ က မှားယွင်း နေပြီး ရောဂါ အတည်ပြုသည့် လုပ်ငန်းစဉ် တွင် လစ်ဟာမှု များ ရှိနေကြောင်း ရေးသားဖော်ပြ

အမေရိကန် နိုင်ငံ တွင် အမျိုးသမီး တစ်ဦး နှာခေါင်းစည်း တပ်၍ လမ်းလျှောက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က မတ်လ ၄ ရက် အထိ အမေရိကန် နိုင်ငံ တွင် လူပေါင်း ၁၀၈ ဦး COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း “The Atlantic” မဂ္ဂဇင်း အပါအဝင် ပြည်ပ မီဒီယာ များ က အမေရိကန် နိုင်ငံ ၏ COVID-19 ရောဂါ ဆိုင်ရာ ကိန်းဂဏန်း များ မှာ မှားယွင်း နေပြီး ရောဂါ အတည်ပြုသည့် လုပ်ငန်းစဉ် တွင် လစ်ဟင်းမှု များ ရှိနေကြောင်း ၊ ရောဂါစစ်ဆေးမှု ဆောင်ရွက်ချက် များ တွင် အားနည်းမှု ရှိနေပြီး Nucleic acid စစ်ဆေးမှု ကိရိယာ ကလည်း အရည်အသွေး ဆိုင်ရာ ပြဿနာ ရှိနေကြောင်း ရေးသား ဖော်ပြ ခဲ့ကြသည်။

အမေရိကန် နိုင်ငံ “The Atlantic” မဂ္ဂဇင်း ၏ သတင်း ဝက်ဘ်ဆိုက် တွင် မတ်လ ၃ ရက် ၌ ရေးသား ဖော်ပြခဲ့သော သတင်း ဆောင်းပါး တစ်ခု တွင် အမေရိကန် နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင် ကာကွယ်ရေး စင်တာ အနေဖြင့် ပြည်ပ မှ နိုင်ငံ အတွင်း သို့ ဝင်ရောက်လာသူ များကိုသာ စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်နေပြီး စစ်ဆေးမှု အတိုင်းအတာ အား ပိုမို တိုးချဲ့ ဆောင်ရွက်ခြင်း မရှိသောကြောင့် ရောဂါ ကူးစက်ခံထားရသူ များစွာ လစ်ဟာမှု ရှိနိုင်ကြောင်း ၊ အမေရိကန် နိုင်ငံ ဇီဝဗေဒ ပညာရှင် Trevor Bedford က ထိရောက်သော သက်သေများ အရ COVID-19 ရောဂါ သည် ဝါရှင်တန် ပြည်နယ် ၌ ပျံ့နှံ့နေသည် မှာ ရက်သတ္တပတ် အနည်းငယ် ရှိပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း အမေရိကန် နိုင်ငံ တွင် စစ်ဆေးမှု ခံယူသည့် လူဦးရေ မှာ အလွန် အကန့်အသတ် အနည်းငယ် သာရှိကြောင်း ၊ အခြားနိုင်ငံများ တွင် ကပ်ရောဂါ နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ဆောင်နေချိန် တွင် အမေရိကန် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က အပေါ်ယံ ကိန်းဂဏန်း ကိုသာ ကြည့်ရှုပြီး ကပ်ရောဂါ က အမေရိကန် နိုင်ငံ တွင် ပျံ့နှံ့ နိုင်သည်ဟု ထုတ်ပြန်သော်လည်း မည်သည့် ဆောင်ရွက်မှု မှ မပြုလုပ် ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ “Science” မဂ္ဂဇင်း ၏ ရေးသားဖော်ပြချက်တွင် အမေရိကန် ရောဂါထိန်းချုပ်ရေး စင်တာ အပါအဝင် သက်ဆိုင်ရာ ဌာန အသီးသီး ၏ COVID-19 ရောဂါ စစ်ဆေး အတည်ပြုသည့် နည်းလမ်း က တစ်နိုင်ငံလုံး အတိုင်းအတာ COVID-19 ရောဂါ စစ်ဆေးမှု ဆိုင်ရာ စွမ်းရည် အား အကန့်အသတ် ဖြစ်စေ ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ တွင် ဖေဖော်ဝါရီ လကုန်ချိန်အထိ ရောဂါစစ်ဆေးမှု ၄၅၉ ကြိမ် သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏  COVID-19 ရောဂါ ဆိုင်ရာ Nucleic acid စစ်ဆေးမှု ကိရိယာ သည်လည်း အသုံးပြုပြီး ရက်ပိုင်း အတွင်း အရည်အသွေး ဆိုင်ရာ ပြဿနာ ရှိနေသည် ကို တွေ့ရှိခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ပြင်သစ် နိုင်ငံ Les Echos သတင်းဌာန က အမေရိကန် နိုင်ငံ ၏ COVID-19 ရောဂါ စစ်ဆေးမှု ဆောင်ရွက်ချက်များ က အားနည်းနေပြီး အမေရိကန် ရောဂါထိန်းချုပ်မှု စင်တာ ၏ ကျယ်ပြန့်စွာ စစ်ဆေးမှု ဆောင်ရွက် မည့်အချိန် က ကပ်ရောဂါ တိုးတက်လာမှု နှင့် နှိုင်းယှဉ်လျှင် နောက်ကျ နေကြောင်း ၊ အမေရိကန် ရောဂါ ထိန်းချုပ်မှု စင်တာ တွင် အသုံးပြုနေသည့် ရောဂါ စစ်ဆေးမှု ကိရိယာ က အားနည်းချက် ရှိနေပြီး အရေးပေါ် စစ်ဆေးမှု ကိရိယာ အသစ် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ စစ်ဆေးမှုနှုန်း က လွန်စွာ စိတ်ပျက်စရာကောင်းပြီး တောင်ကိုရီးယား နိုင်ငံ တွင် နေ့စဉ် လူပေါင်း တစ်သောင်း အား စစ်ဆေးမှု ဆောင်ရွက်နိုင်သော်လည်း အမေရိကန် နိုင်ငံ တွင် တစ်နေ့လျှင် လူပေါင်း တစ်ရာခန့် သာ စစ်ဆေးမှု ဆောင်ရွက်ကြောင်း ၊ အမေရိကန် အစိုးရ အနေဖြင့် လက်ရှိအချိန် အထိ ပြည်သူလူထု အား ရောဂါ သွားရောက် စစ်ဆေး နိုင်ရန် မည်သည့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း မှ ထုတ်ပြန်ပေး ခဲ့ခြင်း မရှိဘဲ အမေရိကန် နိုင်ငံ ၏ မြင့်မားသော ဆေးဝါး ကုသမှု ကုန်ကျစရိတ် မှာလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အတားအဆီး ဖြစ်စေခဲ့ကြောင်း ၊ ထို့ကြောင့် အမေရိကန် ပြည်သူလူထု များစွာ က ဈေးနှုန်း လွန်စွာ မြင့်မား သည့် စစ်ဆေးမှု အား စိုးရိမ် သဖြင့် အကြောင်းကြားရန် အချိန် ရွှေ့ဆိုင်းခြင်း နှင့် ရောဂါ အား ဖုံးကွယ်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ရေးသား ဖော်ပြခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.