Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၀၀ ကျော် ရှိပြီဖြစ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နှာခေါင်းစည်းတပ် သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၀ ရက်(ဆင်ဟွာ) 

မတ် ၉ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET)  ၂၀ နာရီခန့်အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၀၅ ဦး ရှိပြီး သေဆုံး သူ ၂၂ ဦးရှိကြောင်း Johns Hopkins တက္ကသိုလ်၏ အချိန်နှင့်အညီဖော်ပြထားသည့် ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါကိန်းဂဏန်းများသည် Johns Hopkins တက္ကသိုလ်၏COVID-19 ရောဂါသုတေသနစီမံကိန်း က  အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှ ရောဂါဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာ၏ကိန်းဂဏန်းများကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)မှ မတ် ၈ ရက် ၁၆ နာရီတွင် နောက်ဆုံး ထုတ်ပြန်ချက်များအရ ရောဂါဖြစ်ပွားသူ ၄၇၂ ဦး ရှိကြောင်း သိရသည်။ (Xinhua)