Videos
တရုတ် က လကမ္ဘာ ၏ မမြင်ရသည့်အခြမ်း သို့လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ် စေလွှတ်မည်
ပေကျင်း၊ ဇန်နဝါရီလ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လကမ္ဘာလေ့လာရေး ခရီးစဉ်သစ်အား တရားဝင် စတင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် လူလိုက်ပါခြင်း မရှိသည့် Chang’e-4 အာကာသယာဉ် အား လကမ္ဘာ၏ မမြင်ရသည့်အခြမ်းသို့ လေ့လာရန်စေလွှတ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံ၊ နည်းပညာ နှင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ စက်မှု လုပ်ငန်းများ စီမံခန့်ခွဲရေး (SASTIND)က ဇန်နဝါရီလ ၁၄ရက်နေ့တွင် ကြေညာခဲ့သည်။
လကမ္ဘာ၏ အခြားတစ်ဖက်တွင် ကမ္ဘာမြေကြီး၏ ဆွဲငင်အား ကို လူသားများ သွားရောက်လေ့လာခြင်း မရှိသည့်အတွက် လုံးဝမြင်တွေ့ဖူးခြင်းမရှိသောကြောင့် လူသားသမိုင်းတွင် ပထမဆုံးအကြိမ် သွားရောက် လေ့လာရန် Chang’e-4 အာကာသယာဉ်ကို စေလွှတ်ခြင်းဖြစ်ကြောင်း SASTIND လက်အောက်ရှိ လကမ္ဘာ လေ့လာရေး စင်တာ အကြီးအကဲ လျူကျီကျုံး ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ၏ ပထမဆုံး လကမ္ဘာလေ့လာရေး အာကာသယာဉ် Chang’e-3 သည် ၂၀၁၃ ခုနှစ်တွင် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ယခုအချိန် ထိ ကမ္ဘာမြေဆီသို့ သတင်းအချက်အလက်များ ပေးပို့နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)