Connect with us

Videos

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပသည့် ငါးရက်တာတွင်း ဆွေးနွေးချက်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားပြီး ညီလာခံ ပိတ်ပွဲ ကျင်းပ ခဲ့သည်။ အဆိုပါ ညီလာခံ ဆွေးနွေးချက်များကို ပြည်သူများထံ ပြန်လည် ဆွေးနွေးပြီး ပြည်သူများ၏ သဘောထား မှတ်ချက်များကိုလည်း ဆွေးနွေး ကောက်ယူကာ နောင်လာမည့် ညီလာခံများကို ပြန်လည် သယ်ဆောင် ကြရန် နှင့် အစိုးရသစ်ထံ အစိုးရ တာဝန် လွဲှပြောင်းပေးသည့်အခါ တွင်လည်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့် အတူ ယခု ညီလာခံကြီး၌ ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးမှုများကို တစ်ပါတည်း လွဲှပြောင်း ပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင် ကျင်းပသည့်ရက်မှ လေးရက် အတွင်း ဆွေးနွေးထားသော ကဏ္ဍကြီး ၅ ခုကို ယနေ့ ညီလာခံနောက်ဆုံးနေ့၌ ပြန်လည်သုံးသပ် တင်ပြမှု ပြုလုပ်ခဲ့ ပြီး ကဏ္ဍ (၅) ခုနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီးမှ ညီလာခံသို့ တင်ပြထားသော ဆွေးနွေးမှု စုစည်းချက် မှတ်တမ်းများကို လက်ခံ အတည်ပြုခြင်း၊ ညီလာခံသို့ အဆိုပြုချက်များ တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်းနှင့် ညီလာခံမှ ဆွေးနွေးမှု စုစည်းချက်များကို ညီလာခံ ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ (၃) ဦးမှ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံသို့ လွဲှပြောင်း ပေးအပ်ခဲ့ပါသည်။ အစိုးရသစ် ဖော်ဆောင်မည့် ငြိမ်းချမ်းရေး ညီလာခံများ၌ ပိုမို ကောင်းမွန်သော ဆွေးနွေးမှု၊ သဘောတူ ညီချက်နှင့် ရလဒ် ကောင်းများ မျှော်လင့်ကြောင်း၊ ပထမအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး ညီလာခံ ငါးရက်အတွင်း ဆွေးနွေးမှုများကို စုစည်းပြီး ဆက်လက် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများကို သယ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့ ကျင်းပသော ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့တွင် ပြောကြားသည်။ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက် အထိ နေပြည်တော် MICC II ခန်းမတွင် ငါးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.