Videos
တရုတ်နိုင်ငံ မြောက်ပိုင်းတွင် Baidu မောင်းသူမဲ့ မော်တော်ကားစနစ် စမ်းသပ်
ဆန်းရှီး၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်းဆန်းရှီးပြည်နယ် Yangquan မြို့တွင် Baidu ကုမ္ပဏီမှတီထွင်ထုတ်လုပ်သော မောင်းသူမဲ့မော်တော်ယာဉ် သုံးစင်းကို အများပြည်သူ သွားလာနေသည့်လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ကြောင်းသိရသည်။ အဆိုပါ မော်တော်ယာဉ်များကို Baidu ကုမ္ပဏီက Apollo ဟုအမည်ပေးထားပြီး အလိုအလျောက်မောင်းနှင်နိုင်သည့် စနစ်က တပ်ဆင်ထားသည်။ အဆိုပါမော်တော်ယာဉ်များသည် လမ်းကြောင်း အချက်ပြစနစ်များ တပ်ဆင်ထားသဖြင့် ရှုပ်ထွေးလှသည့် လမ်းကြောင်းများတွင် ကောင်းမွန်စွာသွားလာနိုင်ခြင်းရှိမရှိ စမ်းသပ်မောင်းနှင်ခဲ့သည်။ Baidu မောင်းသူမဲ့ကားများ သရုပ်ပြစမ်းသပ်မောင်းနှင်ခြင်းကို ယခုနှစ် စက်တင်ဘာလ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)