Connect with us

Videos

တရုတ်နိုင်ငံမှ ပြည်ပသို့ တင်ပို့သော နှာခေါင်းစည်းထုတ်လုပ်သည့်ကုမ္ပဏီများ၏ အရည်အသွေးထိန်းချုပ်မှု လုပ်ငန်းစဉ်များ

ကွေ့ကျိုး၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ Guizhou Junjiang Industrial Co.,ltd နှာခေါင်းစည်း ထုတ်လုပ်ရေးစက်ရုံမှ ပြည်ပနိုင်ငံများသို့ နှာခေါင်းစည်းအခုရေ သန်း ၂၀ ကျော် တင်ပို့ပေးခဲ့ပြီးဖြစ်သည်။၎င်း စက်ရုံမှ နေ့စဉ် နှာခေါင်းစည်း အခုရေ ၇ သိန်း မှ ၁ သန်းအထိ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိသည်။ အဆိုပါထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ကြောင်းသိရသည်။ 

Guizhou Junjiang Industrial Co.,ltd မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Zou Gang က “ကျွန်တော်တို့ နှာခေါင်းစည်းတွေကို ထုတ်လုပ်တဲ့နေရာမှာ ပြည်ပနိုင်ငံတွေကချမှတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် ပိုမိုတင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်ပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်သည့် surgical mask တွေအကုန်လုံးကို ပိုးသတ်ထားတဲ့ သန့်စင်ခန်းထဲမှာ ထုတ်လုပ်တာပါ၊ ဒီလို အမြင့်ဆုံးစနစ် ပိုးသတ်ထားတဲ့ နေရာမှာ ဘက်တီးရီးယားပေါက်ပွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကုမ္ပဏီမှာ နှာခေါင်းစည်းထုတ်လုပ်သူများ ရဲ့ လက်တွေကိုအမြဲခြောက်သွေ့အောင် နှစ်နာရီတစ်ခါ ပိုးသန့်စင်တဲ့ ဂျယ်လ် အသုံးပြုရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ အရည်အသွေးစစ်ဆေးတဲ့ဝန်ထမ်းတွေလည်းရှိပြီး နှာခေါင်းစည်းထုတ်လုပ်တဲ့အသုတ်အလိုက် နှာခေါင်းစည်းနမူနာတွေကို ယူပြီးတော့ ထုတ်လုပ်မှုအရည်အသွေးပြည့်မီမှုရှိမရှိစစ်ဆေးရပါတယ်။ ထုတ်လုပ်ပြီး တဲ့ နှာခေါင်းစည်းတွေကို epoxy ethane နဲ့ ပိုးသတ်ရပါတယ်။ ဒါမှ နှာခေါင်းစည်းတွေဟာ မရောင်းချမီအထိ ပိုးသတ်ပြီးသားဖြစ်မှာပါ”ဟုဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.