Videos
တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဗုဒ္ဓရုပ်ပွားတော်များပြုပြင်မွမ်းမံမှုစတင်
နင်းရှ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့ယန်မြို့ရှိ Xuminshan ဗုဒ္ဓရုပ်ပွားတော်များပြန်လည် မွမ်းမံမှု လုပ်ငန်းစတင်လျှက်ရှိကြောင်းသိရသည်။ Xuminshan ဗုဒ္ဓရုပ်ပွားတော်များကို ၁၉၈၂ ခုနှစ်တွင် ပြည်နယ်အဆင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ထည့်သွင်းသတ်မှတ်ထားသည်။Xuminshan ဗုဒ္ဓရုပ်ပွားတော်များကို မြောက်ပိုင်းဝေမင်းဆက် (၃၈၆-၅၃၄) နှောင်းပိုင်းတွင်စတင် တည်ထားကိုးကွယ်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၁၀၀၀ ကျော်နှင့် လိုဏ်ဂူပေါင်း၁၆၂ ခုအထိ ရှိကြောင်းသိရသည်။ (Xinhua)