Connect with us

Videos

ခန္ဓာကိုယ်အနှံ့ပိုးသတ်ပေးနိုင်သည့် ကမ္ဘာ့ပထမဆုံး ပိုးသတ်ခန်းပါဝင်သော လေဆိပ်

ဟောင်ကောင်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

ဟောင်ကောင်နိုင်ငံတကာလေဆိပ်တွင်  COVID-19 ကာကွယ်ရန် လူ့ခန္ဓာကိုယ်အနှံ့ ပိုးသတ်ပေးနိုင်သည့် ပိုးသတ်ခန်းများကို စတင်ထည့်သွင်းအသုံးပြုနေပြီဖြစ်သည်။ ၎င်းပိုးသတ်ခန်းများသည် photocatalyst နှင့် nano needles များကိုအသုံးပြု၍ လူ့ခန္ဓာကိုယ်နှင့် အဝတ်အစားများတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို စက္ကန့် ၄၀ အတွင်း ရှင်းလင်းပေးနိုင်သည်။ ဟောင်ကောင်လေဆိပ်သည် ပိုးသတ်ခန်းထားရှိသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံတကာလေဆိပ် ဖြစ်လာခဲ့သည်။ ပိုးသတ်ခန်းကို လေဆိပ်တွင် တာဝန်ကျနေသည့်ကျန်းမာရေးဝန်ထမ်းများလည်းအသုံးပြုနိုင်သည်။ ထို့အပြင်လေဆိပ်အတွင်း အလိုအလျောက် သွားလာ ပိုးသတ်ပေးနိုင်သည့် စက်ရုပ်များကိုလည်းထားရှိသည်။ ၎င်းစက်ရုပ်များကို ဆလင်ဒါ ပုံစံဖန်တီးထားပြီး ခရမ်းလွန်ရောင်ခြည်သုံးပိုးသတ်ခြင်းနှင့် လေထုတ်လွှတ်ကာ ပိုးသတ်ခြင်း စနစ်တို့ကို ထည့်သွင်းထားသည်။ ၎င်းစက်ရုပ်များသည် လေဆိပ်အနှံ့ အလိုအလျောက်သွားလာနိုင်ပြီး ဘက်တီးရီးယားများကို ၉၉.၉၉ ရာခိုင်နှုန်းအထိ ဖယ်ရှားရှင်းလင်းပေးနိုင်သည်။ လေဆိပ်အတွင်းခရီးသည်များထိတွေ့မှုရှိသည့်နေရာများဖြစ်သည့် check-in ကောင်တာများ၊ ခရီးဆောင်အိတ် တွန်းလှည်းများနှင့် ဓါတ်လှေခါး ခလုတ်များမှအစ ခရီးသည်များအသုံးပြုသည့်နေရာများကိုလည်း ဘက်တီးရီးယားများ ပျံ့ပွားမှုမရှိစေရန် antimicrobial coating စနစ် ကို အသုံးပြုကာ ဆေးဖြန်းခြင်းပိုးသတ်ခြင်းတို့ကိုလည်း ပုံမှန်ပြုလုပ်ထားကြောင်းသိရသည်။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.