Videos
Social distancing ဖြင့် သွားလာနိုင်သည့်မြန်မာပြည်တွင်း ခရီးသွားယာဉ်လိုင်း
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် Covid 19 ကူးစက်ရောဂါကာလအတွင်း ခရီးသွားလာမှုများကိုကန့်သတ်ခဲ့ရာ ယခုဇွန် လလယ်ပိုင်းမှစ၍ ပြည်တွင်းခရီးသွားလာခွင့်ကို ပြည်လည်ဖြေလျှော့ပေးခဲ့သည်။
ထိုသို့ ခရီးသွားလာခွင့် ပြန်လည်ဖြေလျှော့ပေးခဲ့ ရာတွင် ခရီးသည်တင် ယာဉ်များ၌ social distancing စနစ်ဖြင့် လူတစ်ဦးလျှင် ၂ ခုံ နှုန်း၊ ယာဉ်တစ်စီးလျှင် လူဦးရေထက်ဝက်သာ တင်ဆောင် သွားလာခွင့်ပြုထားသည်။ ထိုအထဲတွင် JJ express အမည်ရှိယာဉ်လိုင်းမှာ Social distancing စနစ် ဖြင့် ခရီးသည်များသွားလာနိုင်စေရန် ၎င်းတို့ယာဉ်လိုင်းရှိ ကားများကို အထူးပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့သည်။
JJ express ကားအတွင်း ၌ တစ်ဦးတစ်ယောက်ချင်းစီအတွက် အခန်းငယ်များ ကာရံထားပြီး တစ်ခန်းချင်းစီ တွင် လေသန့်စနစ်၊လူခေါ်ဘဲလ်၊အရေးပေါ်ကိရိယာ နှင့် တစ်ခါသုံး ပစ္စည်းတို့ထည့်သွင်း ပေးထားသည်။ထို့အပြင်
ကားအတွင်းတွင် အခန်းငယ် ၁၆ ခန်း အပြင် မိသားစု ၂ ယောက်ခန်း ၁ ခန်း စသဖြင့် ထည့်သွင်းတည်ဆောက် ထားရှိကာ လက်ရှိ တွင် မော်တော်ယာဉ် အစင်းရေ ၈ စီးဖြင့် ရန်ကုန်- မန္တလေးခရီးစဉ် များကို ပြေးဆွဲပေး နေကြောင်းသိရသည်။
ကျန်ခရီးစဉ် များပြေးဆွဲနိုင်ရေးအတွက်လည်း Express ကားများကိုတိုးချဲ့ ပြုပြင် မှုများပြုလျှက်ရှိသည်။ JJ express မှ Business development မန်နေဂျာ ဒေါ်ကျော့ကျော့သက် ကလည်း ” Covid ကာလ stay home နေကြရတဲ့အချိန်မှာ ခရီးသွားရင်လည်း ကိုယ့်အိမ်မှာ နေရသလိုမျိုး ကိုယ့်အခန်းနဲ့ကိုယ်ဆို အဆင်ပြေမှာပဲလို့တွေးမိပြီး ဒီလိုလုပ်ခဲ့တာပါ” ဟု ဆင်ဟွာသို့ဖြေကြားခဲ့သည်။ (Xinhua)