Videos
အာကာသအတွင်း ဂြိုဟ်တုသွားလာနေသည့်ပုံရိပ်များကို ဒုံးပျံထိပ်ဖူး ကင်မရာမှတဆင့် ရိုက်ကူးထားသည့် ရုပ်သံဖိုင်
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက Beidou တည်နေရာညွှန်ပြစနစ်သုံးဂြိုဟ်တု၏ နောက်ဆုံး ဂြိုဟ်တုတစ်လုံးကို ဇွန် ၂၃ ရက်က လွှတ်တင်ခဲ့သည်။
၎င်းသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင် ကမ္ဘာလုံးဆိုင်ရာမြေပုံညွှန်းစနစ် တီထွင်နိုင်ခဲ့မှု၏ ကျယ်ပြန့်ပြီးမြောက်သော မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ဂြိုဟ်တုကို ရှီချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ပြီး Long March-3B ဒုံးပျံထိပ်ဖူးဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ဂြိုဟ်တုလွှတ်တင်ခြင်းနှင့် ကိုယ်ထည်ပိုင်း အဆင့်ဆင့် ခွဲထွက်ခြင်းဖြစ်စဉ်များကို မှတ်တမ်းတင်နိုင်ရန်အတွက် ဒုံးပျံကင်မရာများကိုလည်းတပ်ဆင်ထားခဲ့ရာ ဖြစ်စဉ်အစအဆုံးကိုမှတ်တမ်းတင်ရိုက်ကူးထားနိုင်ခဲ့သည်။ ထိုသို့ အာကာသအတွင်းရှိ ဂြိုဟ်တုလွှတ်တင်ခဲ့သည့်ပုံရိပ်များကို ဒုံးပျံကင်မရာဖြင့် ရိုက်ကူးရယူထားသည့်ရုပ်သံဖိုင်ကို တင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)