Connect with us

Videos

  လတ်ဆတ်သော အသီးအနှံများတင်ပို့ရန် လူစီးလေယာဉ်များကို ကုန်တင်လေယာဉ်များအဖြစ်ပြောင်းလဲ 

 

ရှင်းကျန်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

လတ်ဆတ်သည့် အသီးအနှံများကို နေချင်းပြန် ရောင်းဝယ်ဖောက်ကားနိုင်ရန်  ရှင်းကျန်းဒေသတွင် ခရီးသည်တင် လေယာဉ်အချို့ကို ကုန်တင်လေယာဉ်များအဖြစ် ပြောင်းလဲအသုံးပြုလာခဲ့ကြသည်။ 

ပထမအသုတ်တင်ပို့မှုအဖြစ် ဇွန်လ၁၃ ရက်တွင် ရှင်းကျန်းဒေသထွက် တရုတ်ဆီးသီး ၁၅တန်ကို တရုတ်နိုင်ငံ အရှေ့ပိုင်းဟန်ကျိုးဒေသသို့ ယင်းလေယာဉ်များဖြင့် တင်ပို့ခဲ့သည်။ရှင်းကျန်းဒေသတွင် အရည်အသွေးမြင့် အသီးအနှံ အမျိုးစုံလင်စွာထွက်ရှိသည်။သို့ရာတွင် အခြားဒေသများသို့ လတ်ဆတ်သည့်အသီးအနှံများတင်ပို့ရန်အတွက် ခရီးဝေးလွန်းလှသောကြောင့်အခက်ကြုံခဲ့ရသည်။ထို့ကြောင့် တရုတ်နိုင်ငံ အနှံ့သို့ လတ်ဆတ်သည့်အသီးအနှံများကိုတင်ပို့ရန် ကုန်တင်လေယာဉ် အစင်း ၃၀ကျော်ကိုအသုံးပြု၍ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.