Videos
တရုတ်နိုင်ငံ၏ AG100 လေ့ကျင့်ရေးလေယာဉ် ပွဲဦးထွက်ပျံသန်းမှု အောင်မြင်
ကျဲကျန်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် AG100 လေ့ကျင့်ရေးလေယာဉ်၏ ပွဲဦးထွက် ပျံသန်းမှု ပထမဆုံး အကြိမ်တွင် ၁၀ မိနစ်ကြာ ပျံသန်းခဲ့ပြီး ယင်းပျံသန်းမှုတွင် လေယာဉ်သည် အလွန်ကောင်းမွန်သော ထိန်းချုပ်မှု နှင့် တည်ငြိမ်မှု ရှိကြောင်း ပြသခဲ့သည်။ စနစ်အားလုံးသည် မျှော်လင့်ထားသည့်အတိုင်း လည်ပတ်ခဲ့ပြီး အားကောင်းသော ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ယင်းမော်ဒယ်အား ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အလွယ်တကူ ရရှိနိုင်သော gasoline လောင်စာဖြင့် မောင်းနှင်ခြင်းဖြစ်ရာ လေ့ကျင့်မှု၏ ကုန်ကျစရိတ်အားလုံးကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)