Connect with us

Asia

နီပေါနိုင်ငံ၌ ကျိုင်းကောင်များဝင်ရောက် ဖျက်ဆီးမှုကြောင့် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီး

စိုက်ခင်းတစ်ခုအတွင်း ကျိုင်းကောင်များ အုံလိုက်ကျင်းလိုက် ကျရောက်နေပုံကို တွေ့ရစဉ်(ဆင်ဟွာ)

 

ခတ္တန္ဒူ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်လာသော ကျိုင်းကောင်များ၏ ဖျက်ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးပင်ထိန်းသိမ်းရေး နှင့် ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန(PQPMC) ၏ ပြောကြားချက်အရ နိုင်ငံအတွင်း ကျိုင်းကောင်များဝင်ရောက်ဖျက်ဆီးမှုကြောင့် သီးနှံစိုက်ခင်း ၁,၁၁၈ ဟက်တာ ပျက်စီးသွားခဲ့ကြောင်း ဆိုသည်။

“ နီပေါနိုင်ငံအတွင်းက ခရိုင် ၅ ခုကို ကျိုင်းကောင်တွေ ဝင်ရောက်ဖျက်ဆီးသွားတာပါ” ဟု PQPMC ရှိ ကျိုင်းကောင်ဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်ရေးဌာန ညှိနှိုင်းရေးမှူး Ram Krishna Subedi က ပြောကြားခဲ့သည်။နီပေါနိုင်ငံတွင် ကျိုင်းကောင်ဖျက်ဆီးမှုဒဏ်အများဆုံးခံစားခဲ့ရသည့် Dang ခရိုင်တွင် စိုက်ပျိုးမြေ ၅၈၀ ဟက်တာ ပျက်စီးသွားခဲ့ပြီး ယင်းနောက်တွင် Pyuthan ခရိုင်က၂၈၃ ဟက်တာ ၊ Makwanpur ခရိုင်က ၁၀၅ ဟက်တာ ၊ Arghakhanchi ခရိုင်က ဟက်တာ ၁၀၀ နှင့် Palpa ခရိုင်က ၅၀ ဟက်တာ အသီးသီးပျက်စီးသွားခဲ့ရကြောင်း သိရသည်။

စိုက်ခင်းတစ်ခုအတွင်း ကျိုင်းကောင်များ အုံလိုက်ကျင်းလိုက် ကျရောက်နေပုံကို တွေ့ရစဉ်(ဆင်ဟွာ)

နီပေါနိုင်ငံတွင် ခရိုင်ပေါင်း ၅၂ ခုသို့ ကျိုင်းကောင်များ ဝင်ရောက်ခဲ့သော်လည်း ၎င်းတို့၏ အရွယ်အစားမှာ သေးငယ်သဖြင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့ရခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။“ အဲဒီကျိုင်းကောင်တွေဟာ နိုင်ငံရဲ့ အနောက်ဘက်ဆီကို ဦးတည်ပြီး ဆက်လက် ပျံသန်းသွားနေလို့ သီးနှံစိုက်ခင်းတွေ ထပ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးရဖို့ ဖြစ်နိုင်ချေ များနေပါတယ်” ဟု PQPMC အကြီးအကဲက ဆိုသည်။အဆိုပါကျိုင်းကောင်များသည် နီပေါနိုင်ငံအတွင်းရှိ ပြောင်းခင်းများ ၊ စပါးခင်းများ ၊ ဟင်းသီးဟင်းရွက်ပင်များ နှင့် ပဲခင်းများကို ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း နှင့် နီပေါနိုင်ငံရှိ လယ်သမားများက အသံဖြင့်ခြိမ်းခြောက်ခြင်း နှင့် မီးခိုင်းမှိုင်းတိုက်ခြင်းဖြင့် ကျိုင်းကောင်များကို မောင်းထုတ်နေရကြကြောင်း သိရသည်။

ကျိုင်းကောင်းများသည် Dang ၊ Pyuthan ၊ Rolpa ၊ Rukum ၊ Salyan နှင့် Surkhet ခရိုင်များသို့ ဝင်ရောက်ဖျက်ဆီးခဲ့သော်လည်း ထိခိုက်ဆုံးရှုံးမှုပမာဏမှာ ပြောပလောက်အောင် မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ နီပေါနိုင်ငံ ကျိုင်းကောင် ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး လုပ်ငန်းမှ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ Humagain က ကျိုင်းကောင်ဝင်ရောက်ဖျက်ဆီးသော ခရိုင်အရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်မရှိကြောင်း ဆိုသည်။PQPMC ဌာန ၊ ပြည်နယ် နှင့် ဒေသခံအစိုးရများသို့ ကျိုင်းကောင်ထိန်းချုပ်ရေးအတွက် လိုအပ်သော ဝန်ထမ်းအရေအတွက် နှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးသွားရန် တိုက်ရိုက်ညွှန်ကြားထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.