Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် လူ ၇ ဦးသေဆုံး

ဂျပန်နိုင်ငံ၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမတ်မိုတာ နှင့် ကာဂိုရှီမာ စီရင်စုများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း နှင့် ယနေ့ ဇူလိုင် ၅ ရက်တွင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA)က အဆိုပါ စီရင်စုများအတွင်းရှိ ဒေသအများအပြားတွင် မိုးပိုမိုများပြားလာနိုင်ကြောင်း ဇူလိုင် ၄ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယင်းမှာ အဆိုပါ စီရင်စု နှစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးတပ်လှန့်မှုဖြစ်ကြောင်း သိရသည်။

ကူမတ်မိုတို စီရင်စုရှိ Amakusa တွင် မိုရွာသွန်းမှုသည် စံချိန်တင်ပမာဏအဖြစ် တစ်နာရီ ၉၈ မီလီမီတာထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။အဆိုပါ စီရင်စု နှစ်ခုတွင် နေထိုင်သော ဒေသခံ ၂၀၃,၂၀၀ ဦးကို ယာယီခိုလှုံရာ နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း နှင့် ကူမတ်မိုတိုစီရင်စုရှိ မြူနီစီပယ် ၁၇ ခုတွင် ယာယီခိုလှုံရာနေရာ ၁၀၉ ခု ဖွင့်လှစ်ပေးခဲ့ပြီး အနည်းဆုံး အိမ်ထောင်စုပေါင်း ၈၇၁ ခုကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။ 

ကူမတ်မိုတိုရှိ မူမာ(Kuma) မြစ်တစ်လျှောက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် စီရင်စုအစိုးရသည် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ကယ်ဆယ်ရေးသမားများသည် မြစ်တစ်လျှောက်ရှိ ရေကြီးရေလျှံမှု အများဆုံးဖြစ်ပေါ်ခဲ့ရာ နေရာများသို့ ဇူလိုင် ၄ ရက် အစောပိုင်းတွင် ရောက်ရှိခဲ့သည်။ ကူမတ်မိုတာ နှင့် ကာဂိုရှီမာ စီရင်စုများအတွင်း အသုံးပြုနေသော Shinkansen ကျည်ဆံရထားဝန်ဆောင်မှုများကိုလည်း ယာယီရပ်နားထားခဲ့ရကြောင်း Kyushu ရထားကုမ္ပဏီက ဆိုသည်။(Xinhua)