Asia
အာရှ-အာဖရိက စီးပွားရေး ညီလာခံ ဘန်ဒေါင်း စိတ်ဓာတ်နှင့် ကူညီရန် အင်ဒိုနီးရှား သမ္မတ ပြောကြား
ဂျာကာတာ ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
အာရှ- အာဖရိက စီးပွားရေး ညီလာခံ (AABS) ကို ဧပြီလ (၂၁) ရက်နေ့တွင် ဂျာကာတာ၌ ကျင်းပကာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အဖွင့်မှာစကား ပြောကြားခဲ့သည်။
“ ဒီညီလာခံက ဘန်ဒေါင်း စိတ်ဓာတ်နဲ့ အတူ အပြန်အလှန် အကျိုးအမြတ်ရှိအောင် ပူးပေါင်းဆောင်ရွက် ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အာရှ နှင့် အာဖရိက နိုင်ငံများ ညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက် ရေးအတွက် ဘန်ဒေါင်း စိတ်ဓာတ် ကို ၁၉၅၅ ခုနှစ် တွင် ပထမဆုံး ဘန်ဒေါင်း ညီလာခံ ၌ အဆိုပြုခဲ့သည်။
AABS သည် အာရှ နှင့် အာဖိရိကတိုက် အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကူညီနိုင်မည်ဟု သမ္မတ ဝီဒိုဒို က ယုံကြည်ကြောင်း ပြောကြားသည်။
အာရှ နဲ့ အာဖရိက နိုင်ငံတွေအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရသော်လည်း ကမ္ဘာ့ စီးပွားရေးတွင် အာရှ နှင့် အာဖရိက သည် အလားအလာကောင်း ရှိကြောင်း သမ္မတ ဝီဒိုဒိုက ဆိုသည်။ အစိုးရ နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် အားပေးသင့်ကြောင်း ပြောသည်။
အာရှနှင့် အာဖရိက နိုင်ငံများမှ အစိုးရ အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ကုန်သွယ်ရေး ၊ စိုက်ပျိုးရေး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေကြောင်း ဆိုင်ရာ မူဝါဒ များ ကို ဆွေးနွေးကြ သည်။
၎င်း ညီလာခံသည် ဧပြီလ (၂၄) ရက် အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ (Xinhua)