Connect with us

Asia

နီပေါတွင် ၇.၄ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြီး ထပ်မံ လှုပ်ခတ်

မေလ ၁၂ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် ၁၂ နာရီ ၅၀ မိနစ် (မြန်မာ စံတော်ချိန် နေ့လည် ၁ နာရီ ၃၅ မိနစ်) တွင် ပြင်းအား ၇.၅ ရစ်ခ်ျတာစကေး အဆင့်ရှိ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်ပြီးနောက် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူ တွင် ပြည်သူ များ လမ်းမ ပေါ်တွင် စုဝေး နေစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ မေ ၁၂ ရက် (ဆင်ဟွာ)
နီပေါတွင် ပြင်းအား ၇.၄ ရစ်ချ်တာစကေး အဆင့်ရှိသည့် ငလျင်ကြီး တစ်ခု ယနေ့ မေလ ၁၂ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် ၁၂ နာရီ ၅၀ မိနစ် ( မြန်မာ စံတော်ချိန် ၁၃ နာရီ ၃၅ မိနစ် ) ၌ ထပ်မံ လှုပ်ခတ် ခဲ့သည်။

နီပေါတွင် ဧပြီလ ၂၅ ရက်နေ့က ပြင်းအား ၇.၉ ရစ်ချ်တာစကေး ရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့မှု ကြောင့် လူပေါင်း ၈,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်မှာ တစ်လ မပြည့်သေးမီ ၆.၃ ပြင်းအားရှိ ငလျင်နှင့် ယခု ၇.၄ ပြင်းအားရှိ နောက်ဆက်တွဲ ငလျင်ကြီးများ ထပ်မံ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင် လှုတ်ခတ်မှုကြောင့် နီပေါမြို့တော် ခတ္တမန္ဒူရှိ လမ်းမများပေါ်သို့ လူအများ ပြေးလွှား စုဝေး လာခဲ့ကြသည်။

အသက် ၂၄ နှစ်အရွယ်ရှိသည့် Shristi Kafle က“ စစချင်းတုန်းက နောက်ဆက်တွဲ ငလျင် အသေးစားလို့ပဲထင်တာ။ ဒါပေမယ့် စားပွဲခုံ ပေါ်က ပစ္စည်တွေ ပြုတ်ကျလာတာ တွေ့လိုက် ရချိန်မှာတော့ တကယ့်ကို အင်အားပြင်းတဲ့ ငလျင်လို့ ကျွန်မ သိလိုက်ပြီး တကယ့်ကို ကြောက်လန့်သွားပါတယ်။ အိမ်တွေပြိုကျ မှာလည်း ကျွန်မ အရမ်းစိုးရိမ် ပါတယ်” ဟု ၎င်းကပြောသည်။

ဧပြီ ၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ယနေ့ အထိရရှိသော စာရင်းအရ လူပေါင်း ၈,၀၄၆ ဦး သေဆုံးခဲ့ပြီး ၁၇,၈၆၆ ဦး ဒဏ်ရာရရှိခဲ့သည်။ (Xinhua)