Connect with us

WORLD

COVID-19 သတင်းအချက်အလက်နှင့်ပတ်သက်၍ အမေရိကန်မဲဆန္ဒရှင် ၆၀ရာခိုင်နှုန်းကျော်က ထရမ့်ထက် Fauci ကို ယုံကြည်ကြောင်း စစ်တမ်းကဖော်ပြနေ

အမေရိကန်နိုင်ငံ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားတက္ကသိုလ် ညွှန်ကြားရေးမှူး Anhtony Fauci (ရှေ့တန်း) အား အိမ်ဖြူတော်တွင် ပြုလုပ်သည့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

COVID-19 သတင်းအချက်အလက်ဆိုင်ရာ ဆန္ဒမဲကောက်ယူမှု အသစ်တစ်ခု ထွက်ပေါ်လာချိန်တွင် အမေရိကန်နိုင်ငံ၏ မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်း ကျော်က  အမေရိကန် ကူးစက်ရောဂါများဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ Anthony Fauci ကို ယုံကြည်ကြပြီး သမ္မတ ဒေါ်နယ် ထရမ့်ကို မယုံကြည်ကြကြောင်း ပြောဆိုခဲ့ကြသည်။

Quinnipiac တက္ကသိုလ် လေ့လာမှုစစ်တမ်းအရ  မဲဆန္ဒရှင် ၆၇ ရာခိုင်နှုန်းက ထရမ့်၏ COVID-19 သတင်းအချက်အလက်များကို မယုံကြည်ကြဘဲ ၃၀ ရာခိုင်နှုန်းကသာ ယုံကြည်ကြကြောင်း သိရသည်။ ဆန့်ကျင်ဘက်အဖြစ်  ၆၅ ရာခိုင်နှုန်းက  Fauci ကိုယုံကြည်ကြပြီး ၂၆ ရာခိုင်နှုန်းကမူ ၎င်း၏ သတင်းအချက်အလက်များအား ယုံကြည်ခြင်းမရှိကြပေ။ 

ယခုလေ့လာမှုသည် အိမ်ဖြူတော်က Fauci အား အသရေပျက်စေရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေသဖြင့် ထွက်ပေါ်လာရခြင်း ဖြစ်သည်။ Fauci အား တိုက်ခိုက်မှုများအနက် သမ္မတ အကြံပေးဖြစ်သူ Peter Navarro က “ကျွန်တော် သူနဲ့ အလုပ်လုပ်ခဲ့စဉ်က Fauci ဟာ အားလုံးမှားယွင်းနေခဲ့တယ်” ဟု USA Today  တွင် ထုတ်ဝေခဲ့သော အမြင်ဆောင်းပါး၌ ရေးသားထားသည်။ 

“Fauci ရဲ့ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်မှုကို အသရေပျက်စေရန် ကြိုးပမ်းမှုသည် နိုင်ငံရေး ကစားကွက် တစ်ခု ဖြစ်ပြီး ဆိုးရွားသော ဂယက်ရိုက်ခတ်မှုတစ်ခုဖြစ်ပါတယ်” ဟု The Atlantic က မကြာသေးမီက မှတ်ချက်ပြုခဲ့သည်။   (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.