Connect with us

WORLD

အမေရိကန် နိုင်ငံ တွင် တစ်ရက် အတွင်း လူပေါင်း ၇ သောင်းကျော် COVID-19 ရောဂါ ကူးစက်ခံရ သဖြင့် ထပ်မံ စံချိန်သစ်တင်

အမေရိကန် နိုင်ငံ ရှိ ပြည်သူများ က COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန် တွင် ဈေးဝယ်ရန် တန်းစီနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၇၂,၀၄၅ ဦး ရှိခဲ့ပြီး တစ်ရက် အတွင်း ရောဂါ ကူးစက်ခံရသူ တိုးမြင့်မှု စံချိန်သစ် ထပ်မံတင် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃,၅၅၅,၈၇၇ ဦး အထိ ရောက်ရှိလာ ခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၉၂၆ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃၇,၈၆၄ ဦး အထိ ရောက်ရှိလာကြောင်း အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး စင်တာ ၏ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ အမေရိကန် နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁၇ ညပိုင်း ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃.၆၃၈ သန်း အထိ ရောက်ရှိလာခဲ့ပြီး စုစုပေါင်း ၁၃၉,၀၀၀ ကျော် အထိ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် လတ်တလော ရက်ပိုင်း အတွင်း ရောဂါကူးစက်ခံရမှုနှုန်း အဆက်မပြတ် မြင့်တက်လာသဖြင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း များ က ယခင်ချိန်တွင် လုံးဝမကြုံတွေ့ဖူးသည့် ဖိအား နှင့် ရင်ဆိုင်နေရကြောင်း ၊ အမေရိကန် နိုင်ငံ အနောက်ပိုင်း နှင့် တောင်ပိုင်း ဒေသ ရှိ ဆေးရုံး များ တွင် လူနာ အားလုံးနီးပါး ပြည့်နေပြီး အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး စင်တာ ၏ စာရင်းပြုစုချက် အရ လက်ရှိချိန်တွင် အမေရိကန် ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၁၀၁,၀၀၀ ကျော် ရောဂါ ကူးစက်ခံခဲ့ရကာ ၅၄၀ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။  (Xinhua)