Videos
ပြည်တွင်းထုတ်ARJ21လေယာဉ်များကို စီးပွားဖြစ် စတင်အသုံးပြု
ကွမ်တုန်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်း တစ်ခုဖြစ်သည့် China Southernလေကြောင်းလိုင်းသည် ဇူလိုင် ၁၅ ရက်က ပြည်တွင်းထုတ်ARJ21 လေယာဉ်တစ်စီးအား စီးပွားဖြစ် ပျံသန်းပြေးဆွဲမှုစတင်ခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်း ပြည်နယ်ရှိ ကွမ်ကျိုးနှင့် ကျီးရန် ဆက်သွယ်ထားသော ဒေသတွင်းလေကြောင်းခရီးစဉ်ကို ARJ21လေယာဉ်သည် ပထမဆုံးစီးပွားဖြစ်ပျံသန်းမည်ဖြစ်သည်။လေကြောင်းလိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အရ ၂၀၂၄ခုနှစ်တွင် ARJ21လေယာဉ် ၃၅ စင်းရှိလာမည်ဖြစ်သည်။ (Xinhua)