Connect with us

Videos

COVID-19 တိုက်ဖျက်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများ၏ ကြည်နူးဖွယ်လက်ထပ်မင်္ဂလာပွဲ

ကျီလင်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် Changbai တောင်ပေါ်ရှိ ကောင်းကင်ရေကန်ဟု တင်စားခေါ်ဝေါ်သော နာမည်ကျော် ထျန်းချီရေကန်သည် မင်္ဂလာပွဲများ ကျင်းပရန် ကမ္ဘာပေါ်ရှိ အလှပဆုံးနေရာများအနက် တစ်ခုဖြစ်သည်။ 

ယခုဗီဒီယိုတွင် ပါဝင်သော မင်္ဂလာမောင်နှံ စုံတွဲ ၅၀ သည် COVID-19 ထိန်းချုပ်ရေးတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ ပါဝင်ခဲ့သူများဖြစ်သည်။ ၎င်းတို့တွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲအရာရှိများ၊ ရပ်ရွာအတွင်း အားပေးကူညီခဲ့သူများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ရှေ့တန်းမှာ ပါဝင်နိုင်ရေးအတွင် ၎င်းတို့၏ မင်္ဂလာပွဲများကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ 

နာမည်ကျော် ထျန်းချီရေကန်တွင် ဆင်နွှဲခဲ့သော မင်္ဂလာမောင်နှံ စုံတွဲ ၅၀ ၏ ကြည်နူးဖွယ် မြင်ကွင်းကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.