Connect with us

Videos

ကမ္ဘောဒီးယား နိုင်ငံ ၏ ပထမဦးဆုံးသော အမြန်လမ်း တည်ဆောက်မှု အဆက်မပြတ် တိုးတက်မှုရရှိ 

ပေကျင်း ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံ ၏ ပထမ ဦးဆုံးသော အမြန်လမ်း တည်ဆောက်မှု အတွက် အခက်အခဲများ ဖြစ်ပွားစေခဲ့သော်လည်း တရုတ် နိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံ အလုပ်သမားများ ၏ အတူတကွ ကြိုးပမ်းအားထုတ်မှုအောက် တွင် အမြန်လမ်း တည်ဆောက်မှု လုပ်ငန်း က တိုးတက်မှုများ အဆက်မပြတ် ရရှိနိုင်ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ အမြန်လမ်း က မြို့တော် ဖနွမ်းပင် နှင့် နိုင်ငံ အနောက်တောင်ပိုင်း ရေနက်ဆိပ်ကမ်း တည်ရှိရာ Preah Sihanouk ပြည်နယ် ရှိ နှင့် ချိတ်ဆက်ပေးထားသည်။ ဆောင်လုပ်ရေး ကုမ္ပဏီ က တရုတ် နိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံ အလုပ်သမား တို့ ၏ ကျန်းမာရေး အတွက် ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကို တင်းကျပ်စွာ ဆောင်ရွက်ခဲ့သည်။ အမြန်လမ်း က ၁၉၀ ကီလိုမီတာ ရှည်လျားမည် ဖြစ်ပြီး လေးလမ်းသွား ဖြစ်ကာ တစ်နာရီ ကီလိုမီတာ ၁၀၀ မောင်းနှင်နိုင်ရန် ဒီဇိုင်းဆွဲ တည်ဆောက်ထားသည်။ 

အမြန်လမ်း တည်ဆောက်မှု စီမံကိန်း အား ၂၀၁၉ ခုနှစ် မတ်လ တွင် စတင် ခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလှမ်းပေါင်း ၃,၅၀၀ ခန့် ကို ဖန်တီးပေးနိုင်ခဲ့သည်။ ယခု အမြန်လမ်း က ကမ္ဘောဒီးယား နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် မဟာဗျူဟာ ကျသော အမြန်လမ်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ကုန်စည်သယ်ယူပို့ဆောင်မှု ထိရောက်မှု ကို မြှင့်တင်ပေး နိုင်မည် ဖြစ်ပြီး သယ်ယူပို့ဆောင်ရသည့် ကုန်ကျစရိတ် နှင့် အချိန် ကိုလည်း လျှော့ချပေးနိုင်မည် ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.