Videos
အနာဂတ်တွင် အိမ်အလုပ်များကို ခိုင်းစေနိုင်တော့မည့် လူတူစက်ရုပ်များ
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် UBTECH က လူနှင့်တူသည့်စက်ရုပ်တစ်ရုပ်ကို အချိန် ၃ နှစ် အတွင်း တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။
Walker ဟု အမည်ပေးထားသည့် ၎င်းစက်ရုပ်မှာ လူတစ်ဦးကဲ့သို့လမ်းလျှောက်နိုင်၊ ကနိုင်သည့်အပြင် လှေခါးထစ်များကိုလည်းအတက်အဆင်းပြုလုပ်နိုင်သည်။
၎င်းစက်ရုပ်မှာ အနာဂတ်တွင် အိမ်အလုပ်များကို ကူညီလုပ်ကိုင်ပေးနိုင်မည့် စက်ရုပ်တစ်ရုပ်ဖြစ်လာနိုင်မည်ဖြစ်သည်။ (Xinhua)