Videos
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြီးဖြစ်ပွား၊ သေဆုံးသူ ၇၃ ဦးအထိရှိလာ (ရုပ်သံ)

ဘေရွတ်၊ဩဂုတ် ၅ ရက်(ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ရာ ဩဂုတ် ၅ ရက် မနက်ပိုင်းအထိ ရရှိထားသော စာရင်းများအရ သေဆုံးသူ ၇၃ ဦးအထိရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုများသည် ဒေသစံတော်ချိန် ညနေ ၆နာရီ ၁၀မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ပြီး မြို့အတွင်းရှိ အဆောက်အဦများစွာထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု၏ အဓိက အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သော်လည်း လက်ဘနွန် ပြည်ထဲရေးဝန်ကြီး မိုဟာမက် ဖာမီက ဘေရွတ်မြို့ရှိဆိပ်ကမ်းတွင် သိုလှောင်ထားသည့် ဓာတုပစ္စည်းများမှ တစ်ဆင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ချေရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)