Connect with us

Videos

ဝန်အားမြင့် ပျံသန်း ငြှိမ်းသတ်နိုင်သည့် မောင်းသူမဲ့မီးသတ်ယာဉ် တရုတ်နိုင်ငံတွင်ထုတ်လုပ် 

ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဒရုန်းတက္ကစီထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် EHang ကုမ္ပဏီက ဝန်အားမြင့် ပျံသန်း ငြှိမ်းသတ်နိုင်သည့် မောင်းသူမဲ့ မီးသတ်ယာဉ်တစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။ EHang 216F ဟုအမည်ပေးထားသည့် ၎င်းမီးသတ်ယာဉ်သည် အထပ်မြင့်အဆောက်အဦများတွင် မီးငြှိမ်းသတ်နိုင်ရန် အထူးဒီဇိုင်းထုတ်ထားသည်။ ထိုယာဉ်သည် မောင်းသူမဲ့ယာဉ်အမျိုးအစားဖြစ်ပြီး မြေပြင်မှ မီတာ ၆၀၀ အကွာအထိ အမြင့်ဆုံး သွားရောက်ကာမီးငြှိမ်းသတ်နိုင်သည်။ ယာဉ်၏ ထိပ်ပိုင်းတွင် မီးငြှိမ်းကိရိယာ ၆ ခု တပ်ဆင်ထားပြီး မီးလောင်နေသည့်တည်နေရာအတိအကျ သို့ မီးသတ်ဆေးများရောက်ရှိစေမည့် လေဆာ လမ်းညွှန်ကိရိယာလည်းတပ်ဆင်ထားသည်။ visible light 10 ဆ ထည့်သွင်းထားသည့် zoom ကင်မရာကိုလည်းတပ်ဆင်ထားသောကြောင့် မီးလောင်နေသည့် တည်နေရာအတိအကျကို သိရှိနိုင်သည်။ EHang 216Fမှာ ခရီးစဉ်တစ်ကြောင်းလျှင် မီးသတ်ရေမြှုပ်၁၅၀ လီတာနှင့် မီးသတ်ဆေးဘူး ၆ ဘူးအထိ သယ်ဆောင်ကာ မီးငြှိမ်းသတ်ပေးနိုင်သည်။ မီးလောင်နေသည့်အထပ်မြင့်အဆောက်အဦများတွင် EHang 216F များစွာကို အသုံးပြုကာ မီးငြှိမ်းသတ်ပါက လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.