Connect with us

Latin America

Apple က ဈေးကွက်ရင်းနှီးမတည်မှုတန်ဖိုး ဒေါ်လာ ၂ ထရီလီယံ ရောက်ရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီဖြစ်လာ 

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Apple အရောင်းပြခန်းတစ်ခုအား COVID-19 ရောဂါ ဖြစ်ပွားနေဆဲကာလ ၂၀၂၀ ပြည့်နှစ် ဧပြီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

Apple (ပန်းသီးအမှတ်တံဆိပ်) နည်းပညာကုမ္ပဏီသည် ဈေးကွက်ရင်းနှီးမတည်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံသို့ ရောက်ရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်လာကြောင်း နှင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။ 

ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၇၅ ဘီလီယံကျော်ကို အခြေပြု၍ Apple သည် ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မတိုင်မီမှာပင် အတားအဆီးများကို ကျော်ဖြတ်ကာ ယင်း၏ ရှယ်ယာတစ်ခုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၆၇ ဒသမ ၇၇ သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နေ့အတွင်း Apple ၏ ရှယ်ယာတစ်ခုတန်ဖိုးသည် အမြင့်ဆုံးအဖြစ် ဒေါ်လာ ၄၆၈ ဒသမ ၆၅ အထိ ရောက်ရှိခဲ့ပြီး ဈေးပိတ်ချိန်တွင် ရှယ်ယာတစ်ခုကို ၄၆၂ ဒသမ ၈၃ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

Apple သည် ၂၀၁၈ ခုနှစ် ဩဂုတ် ၂ ရက်တွင် ဈေးကွက် ရင်းနှီးမတည်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့သည်။ အခြားသော အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် အမေဇုံ(Amazon) ၊ မိုက်ခရိုဆော့ခ်(Microsoft) နှင့် အယ်လ်ဖာဖတ် (Alphabet) တို့သည်လည်း ဈေးကွက်ရင်းနှီးမတည်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရောက်ရှိခဲ့သည့် ကုမ္ပဏီကြီးများဖြစ်ကြောင်း သိရသည်။

Apple  ရှယ်ယာတန်ဖိုးသည် ပြီးခဲ့သော ဘဏ္ဍာနှစ်အတွင်း ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ လွန်ခဲ့သောနှစ်က ၎င်း၏ ရှယ်ယာတစ်ခုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀၁ ဒေါ်လာရှိခဲ့ရာမှ ရာခိုင်နှုန်း ၁၂၀ ကျော်အထိ ခုန်တက်ခဲ့သဖြင့် ရှယ်ယာတန်ဖိုးများမှာ များစွာ မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သော ဇူလိုင်လ နှောင်းပိုင်းတွင် ကုမ္ပဏီက ပထမ သုံးလပတ် အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းသုံးလတာ ကာလအတွင်း ကုမ္ပဏီအနေဖြင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၅၉ ဒသမ ၇ ဘီလီယံ ရရှိခဲ့ကြောင်း ၊ ယင်ခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအတွင်း Apple ၏ ရောင်းအားသည် လွန်ခဲ့သော တစ်နှစ်က ၉ ဒသမ ၁၅၇ ဘီလီယံ ရှိခဲ့ရာမှ ၉ ဒသမ ၃၂၉ ဘီလီယံ အထိ မြင့်တက်သွားခဲ့ကြောင်း ဖော်ပြထားသည်။(Xinhua)