Connect with us

Latin America

ကိုလံဘီယာနိုင်ငံတွင် နေ့စဉ် COVID-19 ထပ်တိုးလူနာအသစ် စံချိန်တင် ၊ ရောဂါဖြစ်ပွားသူ ၄၀၀,၀၀၀ ကျော်ထိ ရှိလာ 

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့အနီး Soacha ဒေသတွင် နှာခေါင်းစည်းတပ်ဆင်ကာ ဘတ်စ်ကားစီးနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံတွင် COVID-19 ဖြစ်ပွားသူအတည်ပြုလူနာ စုစုပေါင်း အရေအတွက်သည် သေဆုံးသူ ၁၃, ၄၇၅ ဦး အပါအဝင် ၄၁၀,၄၅၃ ဦး အထိရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် လူမှုကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်တွင် ပြောကြားလိုက်သည်။ 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၁၂,၈၃၀ ဦးရှိခဲ့ပြီး ကိုလံဘီယာနိုင်ငံတွင် ရောဂါပထမဆုံးတွေ့ရှိခဲ့ချိန် မတ်လအစောပိုင်းကစ၍ နေ့စဉ်ထပ်တိုးလူနာအများဆုံးနေ့ တစ်နေ့ လည်း ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။ 

ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၃၂၁ ဦးရှိခဲ့ပြီး COVID-19 စစ်ဆေးစမ်းသပ်မှု ၄၀,၁၀၁ ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကိုလံဘီယာ အစိုးရက မဖြစ်မနေပြုမူရမည့်ရောဂါကာကွယ်ရေး သီးသန့်နေထိုင်ခြင်းကို ဩဂုတ် ၃၀ ရက်အထိ တိုးမြှင့်လိုက်ကြောင်း၊ သို့သော် COVID-19 ဖြစ်ပွားမှုအသစ်မရှိသော နေရာများရှိ ဈေးဝယ်နေရာများအား ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117