Connect with us

Asia

ဟောင်ကောင်တွင် တစ်ညတာ အဓိကရုဏ်း ဖြစ်ပွားမှုကြောင့် အနည်းဆုံး ရဲအရာရှိ ၄၈ ဦး ဒဏ်ရာရ

ဟောင်ကောင်ရှိ Mong Kok ဧရိယာတွင် အဓိကရုဏ်း ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဟောင်ကောင်တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းမှ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းအထိ လမ်းဘေး လက်ပွေ့ရောင်းသူများအား ရှင်းလင်းရေး လုပ်ဆောင်ပြီးနောက် ဟောင်ကောင် ရဲအရာရှိများနှင့် ဆူပူအုံကြွသူ ၃၀၀ ခန့်တို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စီပွားရေး ဒေသတစ်ခုဖြစ်သည့် Mong Kok ဧရိယာရှိ တရားမဝင် လမ်းဘေး ဈေးသည်များအား တာဝန်ရှိသူ များက အရေးယူ ရှင်းလင်းမှု လုပ်ခဲ့ပြီးနောက် ထိုသို့ အဓိကရုဏ်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဓိကရုဏ်း မှာ တစ်နာရီခွဲကြာ ဖြစ်ပွားခဲ့ပြီး ဆူပူသူများက အုတ်ခဲများ၊ ကျောက်တုံးများနှင့် လက်လုပ် လက်နက်များဖြင့် ရဲများ အား တိုက်ခိုက်ခဲ့သည်။

အဆိုပါ အဓိကရုဏ်း၌ ဆူပူအုံကြွသူ ၂၄ ဦး အဖမ်းခံရပြီး ရဲအရာရှိ ၄၈ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူးဖြစ်သူ Leung Chun-ying က ဆူပူသူများ၏ အပြုအမူနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၉ ရက်က ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.