Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံတွင် ရေကြီး မြေပြိုမှု များကြောင့် ၅ ဦး သေဆုံး၊ ၂ ဦး ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗား ပြည်နယ် အလယ်ပိုင်း၌ ရေကြီးမှုများ စတင် ဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အနောက် ဆူမားတြား ပြည်နယ် တွင် ရေကြီး၊ မြေပြိုမှု များကြောင့် ၅ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကာ လူဦးရေ ၄,၀၀၀ ကျော် နေအိမ်များမှ စွန့်ခွာခဲ့ရကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် အေဂျင်စီ ရုံး အကြီးအကဲ က ဖေဖော်ဝါရီလ ၈ ရက်တွင် ပြောကြား လိုက်သည်။

အနောက် ဆူမားတြား ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲ Zulfiatno ဆိုသူက Solok ဒေသတွင် အလောင်း ၄ လောင်းအား ရှာဖွေ တွေ့ရှိခဲ့ပြီး ကျန် ၂ ဦးကို ရှာဖွေဆဲ ဖြစ်ကြောင်း၊ Limapuluh Koto ဒေသ၌ ကလေးငယ် တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။

ရေကြီးမှု နှင့် မြေပြိုမှုများကြောင့် Solok မြို့နှင့် Solok Selatan, Limapuluh Kota နှင့် Agam ဒေသများတွင် ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့ကြောင်း၊ ရေကြီးမှု ဒဏ်ကို လူပေါင်း ၅,၀၀၀ နှင့် ၆,၀၀၀ ကြား ခံစားခဲ့ရပြီး ၎င်းတို့အနက် ၄,၀၀၀ ကျော်ကို အမြင့်ပိုင်း နေရာများသို့ ပြောင်းရွှေ့ကာ အမိုးအကာများ ပေးထားကြောင်း Zulfiatno က ပြောကြားခဲ့သည်။
စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ ဒေသတွင်း သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီ နှင့် ရှာဖွေ ကယ်ဆယ်ရေး အေဂျင်စီမှ ဝန်ထမ်းများသည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် နေကြကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောရေး ဆိုခွင့် ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
ကျွန်းပေါင်း ၁၇,၅၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှား နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကြာခဏ ဆိုသလို ရေကြီးမှုများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.