Connect with us

Australia / Oceania

ဒုက္ခသည်အခွင့်အရေး မကျေနပ်၍ ဆန္ဒပြသူများက ဩစတြေးလျဝန်ကြီးချုပ်ကားကို မင်နီဖြင့်ပက်

ဆန္ဒပြသူများ၏ မင်နီဖြင့် အပက်ခံရပြီးနောက် ဩစတြေးလျဝန်ကြီးချုပ်ကားအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။

ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဆန္ဒပြသူ ၅၀ ခန့်သည် ဝန်ကြီးချုပ် ရောက်ရှိနေသော ကွင်းစလန်တက္ကသိုလ်၏ အဆောက်အဦ ပြင်ပ အဝင်အထွက်နေရာတွင် စုရုံးရောက်ရှိခဲ့ကြပြီး ယင်းအဆောက်အဦ၏ အဝင်အထွက်မှန်တံခါး နှင့် ပြတင်းပေါက်များကို ဆေးအနီရောင်ဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများက ဩစတြေးလျနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးထိန်းသိမ်းသည့် အချိန်ကာလတိုးမြှင့်လိုက်ခြင်းအပါအဝင် ဒုက္ခသည်များအပေါ် ဩစတြေးလျအစိုးရ၏ ပြုမူဆောင်ရွက်ပုံကို ကျေနပ်မှုမရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက တက္ကသိုလ်အဆောက်အဦအား ပိတ်ပစ်ခဲ့သလို ဆန္ဒပြသူများက ဒုက္ခသည်အခွင့်အရေးအတွက် ပြောင်းလဲမှုပြုလုပ်ပေးရန် ဆက်လက်တောင်းဆိုနေရာ ဝန်ကြီးချုပ် Morrison အား အထူးအစောင့်အရှောက်ဖြင့် တက္ကသိုလ် နောက်ဘက်ဝင်ပေါက်မှတစ်ဆင့် အပြင်သို့ ပြန်လည်ခေါ်ထုတ်ပေးခဲ့ရသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် စီးနင်လာသော ကားကို ပစ်မှတ်ထား၍ မင်နီဖြင့် ဖျန်းပက်ခဲ့ရာ ဝန်ကြီးချုပ်သည် ယင်းနေရာမှာ ပြန်လည် ထွက်ခွာနိုင်ရန် အခြားကားတစ်စီးပေါ်သို့ ပြောင်းလဲစီးနင်းခဲ့ရသည်။အချို့သော ဆန္ဒပြသူများက “ ဒုက္ခသည်များအား လွှတ်ပေးပါ” နှင့် “ မရေရာသော ဖမ်းဆီးမှုသည် ညှင်းပန်းနှိပ်စက်မှုဖြစ်သည်” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် Morrison က ၎င်းအနေဖြင့် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန်ကြိုးပမ်းနေသော တက္ကသိုလ်တစ်ခုသို့ သွားရောက်လေ့လာနေစဉ် ယခုကဲ့သို့ ဆန္ဒပြသူများ၏ ပြုမူဆောင်ရွက်မှုအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.