Videos
မကြာမီကျင်းပတော့မည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)တွင် ဝယ်ယူသုံးစွဲမှု ဈေးကွက် အလားအလာ ကြီးမားဟု ဆို
ရှန်ဟိုင်း၊အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)
တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက် အထိ ကျင်းပမည် ဖြစ်သည်။
မကြာမီကာလအတွင်း ကျင်းပတော့မည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ၏ အရေးကြီးသည့် ပလက်ဖောင်းဖြစ်ပြီး ဘရာဇီးကုမ္ပဏီလုပ်ငန်းများ တရုတ်စားသုံးသူဈေးကွက်ကို သိရှိနားလည်ရန် မျှော်မှန်းရာနေရာလည်း ဖြစ်ကြောင်း ဘရာဇီး-တရုတ် ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင်ဒါရိုက်တာ Kevin Tangက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ ကြုံတွေနေရချိန်တွင် CIIEသည် ပြန်လည်နံလန်ထမည့်အကူအညီဖြစ်ရာ တရုတ်နိုင်ငံကို ဈေးကွက်ကြီးအဖြစ် ပစ်မှတ်ထားလုပ်ကိုင်နေသည့် ကမ္ဘာ့နေရာအသီးသီးက ထောင်ပေါင်းများစွာသော ကုမ္ပဏီလုပ်ငန်းများ လည်ပတ်ရန်အတွက် အထူးပင်အရေးကြီးကြောင်း ဆိုသည်။
တရုတ်နိုင်ငံက တံခါးဖွင့် ကမ္ဘာ့စီးပွားရေးကို အားပေးသည့် CIIEပြပွဲသည် ကုန်သွယ်ရေးကို တွန်းအားဖြစ်စေသလို အများအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သလို ပို့ကုန်တင်သွင်းရာ အကြီးဆုံးဈေးကွက် လည်း ဖြစ်သည်။ (Xinhua)