Videos
ပေကျင်းမြို့၏ ယခုနှစ်ဆောင်းရာသီ ပထမဆုံး ဆီးနှင်းအလှအမြင်ကွင်းများ
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများကို နိုဝင်ဘာ ၂၁ ရက်က မြင်တွေ့ခဲ့ရကြောင်း သိရသည်။
ပေကျင်းမြို့ ဆင်ခြေဖုံးဖြစ်သည့် ယန်ချင့်နှင့် ဟွိုင်ရိုဒေသများတွင် သောကြာနေ့ကစ၍ နှင်းမိုးရွာသွန်းခဲ့ကြောင်း ပေကျင်းမိုးဇလက ဆိုသည်။
မှတ်တမ်းများအရ ၁၉၆၁ ခုနှစ်မှစ၍ နှစ်စဉ် ပေကျင်းမြို့၏ ဆောင်းရာသီ ပထမနှင်းကျချိန်သည် ပျမ်းမျှအားဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မြို့တော်ပေကျင်း၏ ဆောင်းရာသီ ဆီးနှင်းဖွေးဖွေးကို တစ်ပတ်စော၍ မြင်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)