Videos
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Padma တံတား၏ နောက်ဆုံးတံတားအပိုင်း တပ်ဆင်ပြီးစီး
ဒါကာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကြီးဆုံးဖြစ်သော Padma တံတား၏ နောက်ဆုံးအပိုင်းကို ဒီဇင်ဘာ ၁၀ ရက်တွင် တပ်ဆင်ခဲ့ပြီး ရေပြင်အထက် တံတား၏ ၆.၁၅ ကီလိုမီတာရှိသော အဓိကတည်ဆောက်မှုအပိုင်း ပြီးစီးသွားပြီလည်းဖြစ်သည်။
China Railway Major Bridge Engineering Group Co, Ltd (MBEC) ၏ အင်ဂျင်နီယာများနှင့် အလုပ်သမားများက အလေးချိန် ၃,၃၇၆ တန်ရှိသော တံတားအပိုင်းကို တိုင် ၁၂ နှင့် ၁၃ ပေါ်တွင် အောင်မြင်စွာနေရာချထားနိုင်ခဲ့ကြောင်းသိရသည်။
Padma တံတားတွင် တံတားအပိုင်းပေါင်း ၄၁ ခုရှိပြီး အပိုင်းတစ်ခုစီသည် ၁၅၀ မီတာရှည်လျားကြောင်း၊ ပထမဆုံး တံတားအပိုင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။
အကျယ် ၂၅ မီတာနှင့် အရှည် ၁၀ ကီလိုမီတာရှိသော အဆိုပါတံတားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဓိကမြစ်ကြီးသုံးခုအနက် တစ်ခုဖြစ်သော Padma မြစ်အားဖြတ်သန်းလျက် တည်ဆောက်ထားခြင်းဖြစ်သည်။
ယင်းတံတားသည် အမှတ် ၁ အာရှအဝေးပြေးလမ်းမကြီးနှင့် အာရှဖြတ်ကျော် ရထားကွန်ရက်တစ်လျှောက်ရှိ ဒေသတွင်း ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးနိုင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
Padma တံတား၏ နောက်ဆုံးတံတားအပိုင်း တပ်ဆင်ခြင်းကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)