Connect with us

Videos

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်တည်ဆောက်ထားသည့် စက်ရုံမှ ရထားဇလီဖားတုံးများစတင်ထုတ်လုပ်

ဒါကာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (PBRLP) စီမံကိန်းနှင့်ချိတ်ဆက်ထားသော ပတ္တမတံတားတည်ဆောက်ရေးတွင်အသုံးပြုရန် တရုတ်နိုင်ငံ CREC က ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင်တည်ဆောက်ထားသော စက်ရုံမှ ကွန်ကရစ် ဇလီဖားတုံးများကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

ယင်းစက်ရုံသည် ဒါကာ မြို့တော်မှ ၁ဝ၁  ကီလိုမီတာ ကွာဝေးသော ဖာရစ်ပါခရိုင်တွင်တည်ရှိသည်။

စက်ရုံသည် ၁.၈ ဧက ကျယ်ဝန်းပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဇလီဖားတုံးအခုရေ ၅၀၀ ကျော် ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

ပတ္တမာ ရထားလမ်းစီမံကိန်းတွင် အသုံးပြု ရန် ဇလီဖားတုံးပေါင်း ၃၇၀,၀၀၀ ကို ယင်းစက်ရုံမှ ထုတ်လုပ်သွားရန် မျှော်မှန်းထားသည်။

တရုတ်နိုင်ငံ CREC က တည်ဆောက်နေသည့် အရှည် ၁၇၀ ကီလိုမီတာရှိသော ရထားလမ်းစီမံကိန်းနှင့်ချိတ်ဆက်၍ ပတ္တမာ တံတားစီမံကိန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိရာ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကြီးပြီးစီးပါက ဒေသတွင်း သွားလာကူးလူး ဆက်ဆံရေး ကောင်းမွန်စွာတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.