Connect with us

WORLD

မက္ကဆီကိုနိုင်ငံတွင် COVID-19 ရောဂါကြောင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးကန့်သတ်မှုများ သက်တမ်းတိုး

အမေရိကန်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံ နယ်စပ်တံတိုင်းအား မက္ကဆီကိုနိုင်ငံ Tijuana မြို့မှ ဝေဟင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသည် COVID-19 ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် အမေရိကန်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသော နယ်စပ်တစ်လျှောက် ဖြတ်ကျော်ကာ မဖြစ်မနေမဟုတ်သော ခရီးသွားလာခြင်းများအတွက် ကန့်သတ်မှုကို နောက်တစ်လသက်တမ်းတိုးရန်နှင့် ၎င်း၏တောင်ပိုင်းနယ်စပ်တွင်လည်း အလားတူ ဆောင်ရွက်မှုမျိုးလုပ်ဆောင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကန့်သတ်ချက်သည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်တွင် သက်ရောက်ခဲ့ပြီး တစ်နှစ်အကြာ လာမည့် မတ် ၂၁ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သော်လည်း ယခုအခါ ဧပြီ ၂၁ ရက်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက တွစ်တာပေါ်၌ ပြောကြားခဲ့သည်။

မက္ကဆီကို တောင်ပိုင်း ဂွါတီမာလာနိုင်ငံနှင့် ဘလိဇ်နိုင်ငံတို့နှင့် နယ်စပ်များရှိရာတွင်လည်း အဆိုပါ ဆောင်ရွက်ချက်ကို မတ် ၁၉ ရက်၌ စတင်သွားမည်ဖြစ်သည်။

“မက္ကဆီကို အစိုးရအနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ ရောဂါကာကွယ်ရေးဆောင်ရွက်ချက်တွေကို ဖြန့်ကျက်လုပ်ဆောင်သွားမှာပါ” ဟု ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

မက္ကဆီကိုနှင့် အမေရိကန် နယ်စပ်ရှိ ကန့်သတ်မှုများအနေဖြင့်မူ ခရီးသွားလုပ်ငန်းနှင့် အားလပ်ချိန် ခရီးသွားလာမှုများအတွက် တားမြစ်ထားခြင်းဖြစ်သော်လည်း အလုပ်အကိုင် (သို့မဟုတ်) ကျန်းမာရေး အကြောင်းပြချက်အတွက် သွားရောက်မည့်သူများကိုမူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းကန့်သတ်ချက်မှာ ကုန်သွယ်ရေးအပေါ်တွင်လည်း သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂.၁ သန်းကျော်ရှိခဲ့ပြီး သေဆုံးသူဦးရေမှာ ၁၉၅,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Mexico extends cross-border travel restrictions due to COVID-19
Source: Xinhua| 2021-03-19 09:32:15|Editor: huaxia
MEXICO CITY, March 18 (Xinhua) — Mexico will continue to restrict non-essential travel across its border with the United States for another month, and take the same measure on its southern border to prevent the spread of COVID-19, the Foreign Affairs Ministry said on Thursday.
The restriction was due to expire on Sunday, a year after taking effect on March 21, 2020, but will now remain in place until April 21, the ministry said via Twitter.
To the south, where Mexico borders on Guatemala and Belize, the measure will begin on Friday.
“Additionally, the government of Mexico will deploy sanitary control measures in the north and south of the country,” the ministry added.
Restrictions on the busy border between Mexico and the United States bar travel for tourism and leisure but allow people to cross for work or health reasons. The measure does not impact trade.
Mexico has registered more than 2.1 million confirmed cases of COVID-19 and more than 195,000 deaths from the disease. ■
Aerial photo taken in Tijuana, Mexico on Jan. 10, 2019 shows the border wall between the U.S. and Mexico. (Xinhua/Xin Yuewei)