Connect with us

WORLD

လာအိုနိုင်ငံတွင် လူဦးရေ ၄၀,၇၀၀ ကျော် COVID-19 ကာကွယ်ဆေးထိုးနှံပြီးဖြစ်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် နှာခေါင်းစည်းတပ်ဆင်၍ မော်တော်ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မတ်လ ၁၅ ရက်တွင် လာအိုနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၄၀,၇၀၀ ကျော်ကို ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း လာအိုသတင်းအေဂျင်စီ (KPL) က မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းအတွက် ရောဂါကူးစက်နိုင်ခြေများသော လူအုပ်စုများဖြစ်သည့် ရှေ့တန်းတွင်ဆောင်ရွက်နေရသည့်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ နပ်စပ်စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများဟူ၍ ဦးစားပေးအုပ်စုများအဖြစ် ခွဲခြားထားကြောင်း သိရသည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Latsamy Vongkhamsao က COVID-19 ကာကွယ်ဆေးထိုးနှံခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစားပေးကဏ္ဍဖြစ်ကြောင်းကို မတ် ၁၈ ရက်တွင် မီဒီယာသို့ ပြောကြားခဲ့ကြောင်း KPL သတင်းတွင်ဖော်ပြထားသည်။

ကာကွယ်ဆေးထိုးနှံခဲ့သူများတွင် ကျန်းမာရေးဝန်ထမ်း ၁၃,၀၀၀ ဦးကျော်၊ ရောဂါကူးစက်နိုင်ခြေများသည့် လူအုပ်စု မှ ၂၂,၇၀၀ ဦးကျော် ၊ ပြည်ပသို့ ခရီးသွားမည့်သူ ၆၀၀ ကျော်၊ အသက် ၆၀ နှင့်အထက် လူ ၂၀၀ ကျော်၊ မွေးရာပါရောဂါရှိသူ ၃၁ ဦးနှင့် ရှေ့တန်းတွင်တာဝန်ယူဆောင်ရွက်နေရသည့် အရာရှိ ၄၀၀၀ ကျော်တို့ပါဝင်ကြောင်း သိရသည်။

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအား မတ်လ လယ်မှ ဧပြီလ အစောပိုင်းတွင် ထိုးနှံနိုင်လိမ့်မည်ဟု ဒေသခံမီဒီယာဖြစ်သည့် Vientiane Times တွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် လာအိုလူဦးရေ၏ ၂၀ ရာခိုင်နှုန်း (သို့မဟုတ်) ၁.၆ သန်းအား ကာကွယ်ဆေးထိုးနှံနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံမှုသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းလွှမ်းခြုံနိုင်မည်ဟု ခန့်မှန်းထားကြောင်းနှင့် လာမည့်နှစ်များတွင် ပိုမို၍ကာကွယ်ဆေးထိုးနှံနိုင်မည်ဖြစ်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်အလုပ်အဖွဲ့ကော်မတီထံမှ သိရသည်။

မတ်လ ၁၉ ရက်အထိ လာအိုနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄၉ ဦးရှိပြီး၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်တွင် လာအိုနိုင်ငံ၌ ပထမဆုံး COVID-19 ရောဂါကူးစက်ခံရသူ နှစ်ဦးအား စတင်တွေ့ရှိခဲ့ကြောင်းသိရသည်။ (Xinhua)
————————————
(English Version)
Over 40,700 vaccinated COVID-19 doses in Laos

VIENTIANE, March 19 (Xinhua) — AS of March 15, more than 40,700 people across the country of Laos have been given the first doses of COVID-19 vaccine, Lao News Agency (KPL) reported on Friday.
The vaccination prioritizes risk groups such as front line workers, medical workers, immigration officials and those working at border checkpoints.
The KPL quoted Deputy Director of the Department of Communicable Disease Control under the Lao Ministry of Health, Latsamy Vongkhamsao as saying to media on Thursday that vaccinating people against COVID-19 is a priority of the health sector.
The vaccinated included over 13,000 medical workers, over 22,700 members of risk groups, more than 600 people travelling abroad, more than 200 people aged 60 years and older, 31 people with congenital diseases and over 4,000 other front line officials.
The second round of vaccinations will take place from mid-March to early April, said a former report from local daily Vientiane Times.
It is anticipated that about 20 percent of the Lao population, or about 1.6 million people, will be vaccinated in 2021. Vaccination coverage is expected to rise to 50 percent of the population by 2022 and to 70 percent in 2023, with more people to be vaccinated in the following years, according to the National Taskforce Committee for COVID-19 Prevention and Control of the country.
As of Friday, Laos has reported 49 COVID-19 infected cases, and the country detected its first two COVID-19 cases on March 24 last year. Enditem

Photo– People wearing face masks ride motorbikes on the street in Vientiane, Laos, March 23, 2020. (Photo by Kaikeo Saiyasane/Xinhua)