Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံက Sinovac မှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ် လက်ခံရရှိ

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး နှင့် ကျန်းမာရေးဝန်ကြီး Francisco Duque တို့အား မတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် Sinovac COVID-19 ကာကွယ်ဆေး ပထမသုတ်ကို မတ် ၂၉ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian နှင့်အတူ မနီလာမြို့တော်ရှိ လေတပ်အခြေစိုက်စခန်း၌ CoronaVac ကာကွယ်ဆေးများ ရောက်ရှိလာခြင်းကို အတူတကွ ကြိုဆိုခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian နှင့် တာဝန်ရှိသူများကို COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာချိန်တွင် အတူတကွ တွေ့ရစဉ်(ဆင်ဟွာ) 

အထူးသဖြင့်မြို့တော်မနီလာ နှင့် ယင်း၏ကပ်လျက် ပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေချိန်တွင် ကာကွယ်ဆေးများ ရောက်ရှိလာခြင်းသည် အချိန်မီဖြစ်သလို အရေးအပါဆုံးလည်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး Francisco Duque က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac COVID-19 ကာကွယ်ဆေး အသုတ် နှစ်သုတ်သည် ဖိလစ်ပိုင်နိုင်ငံသို့ ပြီးခဲ့သောဖေဖော်ဝါရီလနှောင်းပိုင်းက ရောက်ရှိခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၁ ရက်တွင် စတင်ပြုလုပ်နိုင်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိလာသော COVID-19 ကာကွယ်ဆေးများအား လေယာဉ်ပေါ်မှ သယ်ယူနေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံသည် ယခုအခါတွင် လှူဒါန်းမှုများ နှင့် စီးပွားဖြစ်ဝယ်ယူမှု နှစ်ခုလုံးမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံအား ပထမဆုံး နှင့် ကာကွယ်ဆေးများ ထောက်ပံ့ပေးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း ၊ ယင်းမှာ ခေတ်သစ်တွင် စည်းလုံးညီညွတ်မှု နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း တို့နှင့်အတူ မိမိတို့၏ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုအတွက် သက်သေအထောက်အထား ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Xilian က မတ် ၂၉ ရက်တွင် ပြုလုပ်သော ကာကွယ်ဆေး လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန၏ မတ် ၂၉ ရက် ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာသစ် ၁၀,၀၁၆ ဦး ရှိခဲ့ပြီး နိုင်ငံအတွင်း ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင် ဖြစ်ပွားချိန်မှစ၍ နေ့စဉ်ဖြစ်ပွားမှု အရေအတွက်များတွင် အမြင့်ဆုံး ဖြစ်ကြောင်း နှင့် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇၃၁,၈၉၄ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့အတူ သေဆုံးသူအရေအတွက်မှာ မတ် ၂၉ ရက်တွင် ၁၆ ဦး ရှိခဲ့ရာ ယခုအခါ နိုင်ငံအတွင်း သေဆုံးသူအရေအတွက်သည် ၁၃,၁၈၆ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ အစိုးရသည် ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားခဲ့သည့် မနီလာမြို့တော် နှင့် ယင်း၏ ကပ်လျက် ပြည်နယ် ၄ ခုတွင် ကာကွယ်ဆေးထိုးနှံမှုအား အရှိန်အဟုန် မြင့် ဆောင်ရွက်လျက် ရှိကြောင်း ၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများ ၊ သက်ကြီးရွယ်အိုများနှင့်အတူ ဆေးထိုးနှံမှုစတင်၍ ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသား သန်း ၇၀ ထိ လူအများကြား ကိုယ်ခံအားစနစ် ရရှိစေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)
Philippines receives first batch of purchased Sinovac COVID-19 vaccines

MANILA, March 30 (Xinhua) — The Philippines on Monday received the first batch of the Sinovac COVID-19 vaccines which its government has purchased from China.
Philippine President Rodrigo Duterte welcomed the arrival of the CoronaVac vaccines alongside Chinese Ambassador to the Philippines, Huang Xilian, at an air force base in the capital Manila.

Health Secretary Francisco Duque said the vaccine arrival “is very timely and most crucial,” especially when Metro Manila and its adjacent provinces are experiencing a surge in coronavirus infections.

Two batches of the China-donated Sinovac vaccines had previously arrived in the Philippines since last February, allowing the Southeast Asian country to kick off its vaccination drive on March 1.

“China now is the first and only country to provide vaccines to the Philippines through both donation and commercial procurement, which is a testament to our traditional friendship with solidarity and closer partnership in the new era,” Ambassador Huang said at the handover ceremony on Monday.
The Philippines’ Department of Health reported 10,016 new confirmed cases of COVID-19 on Monday, the highest ever daily tally since the coronavirus outbreak in January last year in the country, raising its total tally to 731,894.

The death toll rose to 13,186 on Monday after 16 more patients died from the viral disease.
The Philippine government is ramping up the vaccination efforts in Metro Manila and its four adjacent provinces where most infections have been detected. It aims to inoculate up to 70 million Filipinos this year to achieve herd immunity, starting with health care workers and the elderly.■