Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 လူနာ ၁၂ သန်းကျော် ရှိလာ

အိန္ဒိယနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတစ်ဝှမ်း COVID-19 လူနာသစ်တွေ့ရှိမှုမှာ မတ် ၂၉ ရက်တွင် ၆၈,၀၂၀ ဦး ရှိခဲ့ရာ ယခုနှစ်အတွင်း နေ့စဉ်တွေ့ရှိမှုများအနက် အများဆုံး အရေအတွက်ဖြစ်ပြီး ယခုအခါ အတည်ပြုလူနာ ၁၂,၀၃၉,၆၄၄ ဦး ရှိလာကာ COVID-19 လူနာပေါင်း ၁၂ သန်းကျော်သွားခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မတ် ၂၈ ရက် နံနက်ပိုင်းမှ စ၍ သေဆုံးသူအရေအတွက်မှာ ၂၉၁ ဦး ရှိခဲ့ပြီး သေဆုံးသူပေါင်း ၁၆၁,၈၄၃ ဦး ထိ ရှိလာခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ၌ COVID-19 အတည်ပြုလူနာများအနက် ဆေးရုံများ၌ ဆေးကုသမှု ခံယူပြီး ဆေးရုံဆင်းခွင့်ရသူပေါင်း ၁၁,၃၅၅,၉၉၃ ဦး ရှိကြောင်း နှင့် ရောဂါဖြစ်ပွားဆဲ လူနာ ၅၂၁,၈၀၈ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 လူနာ ၃၅,၄၉၈ ဦး တိုးလာခဲ့ပြီး ယင်းတို့အနက် အများဆုံး ဖြစ်ပွားမှုမှာ နိုင်ငံအနောက်တောင်ပိုင်း Maharashtra ပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။
Maharashtra ပြည်နယ် မြို့တော်မွန်ဘိုင်းမြို့သည် လွန်ခဲ့သော ၂၄ နာရီအတွင်း လူနာသစ် ၇,၀၀၀ ခန့်နှင့်အတူ လတ်တလော ကပ်ရောဂါ ဗဟိုချက်တစ်ခု အဖြစ် လျှင်မြန်စွာ ပေါ်ထွက်လာခဲ့ကြောင်း ၊ ပြည်နယ်အစိုးရက လူနာသစ်ဦးရေ မြင့်တက်လာမှုအား ထိန်းချုပ်နိုင်ရေးအတွက် မတ် ၂၈ ရက် ညပိုင်းမှ ညမထွက်ရအမိန့်အား ချမှတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ နောက်ထပ် COVID-19 လှိုင်းကြီးတစ်ခု ရိုက်ခတ်လာခြင်းကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က နေ့စဉ် အတည်ပြုလူနာသစ် အရေအတွက်သည် မြင့်တက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံတွင်း ဇန်နဝါရီလက နေ့စဉ် အတည်ပြုလူနာအရေအတွက်သည် ၁၀,၀၀၀ အောက်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတစ်ဝှမ်း COVID-19 ကာကွယ်ဆေးထိုးနှံမှုအား ဇန်နဝါရီလ ၁၆ ရက် က စတင်ချိန်မှစ၍ ယခုအထိ လူပေါင်း ၆၀,၅၃၀,၄၃၅ ဦးကို ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့အတူ မတ် ၂၈ ရက်အထိ ဓာတ်ခွဲနမူနာ ၂၄၁,၈၆၄,၁၆၁ ခုအား စစ်ဆေးခဲ့ပြီး ယင်းတို့အနက် မတ် ၂၈ ရက်တွင် ဓာတ်ခွဲနမူနာ ၉၁၃,၃၁၉ ခုအား စစ်ဆေးခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေးသုတေသန (ICMR) က မတ် ၂၉ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုအများဆုံး နေရာများတွင် တစ်ခု အပါအဝင် ဖြစ်သည့် ဒေလီမြို့တွင် မတ် ၂၈ ရက်က လူနာသစ် ၁,၈၈၁ ဦး နှင့် သေဆုံးသူ ၉ ဦး ရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ မြို့တော် ဒေလီ၌ COVID-19 ကြောင့် သေဆုံးသူမှာ ယခုအထိ ၁၁,၀၀၆ ဦး ရှိခဲ့ကြောင်း ဒေလီကျန်းမာရေးဌာနထံမှ သိရသည်။ (Xinhua)
——————————————
(English Version)
India’s COVID-19 tally crosses 12 mln

NEW DELHI, March 29 (Xinhua) — India’s COVID-19 tally crossed 12 million mark, reaching 12,039,644 on Monday as 68,020 new cases were reported across the country, the highest daily spike this year, according to the latest figures released by the federal health ministry.
A total of 291 deaths were reported since Sunday morning, taking the death toll to 161,843.

There are still 521,808 active cases in the country, while 11,355,993 people have been discharged from hospitals after medical treatment.
There was an increase of 35,498 active cases during the previous 24 hours, out of which the maximum cases were reported from the south-western state of Maharashtra.
Maharashtra’s capital city Mumbai is fast emerging as a new pandemic hotspot, with nearly 7,000 new cases recorded in the past 24 hours. The state government has imposed a night curfew with effect from Sunday night in a bid to contain the rising graph.

The number of daily active cases has been on the rise over the past few days as another wave of COVID-19 looms large in India.
In January the number of daily cases in the country had come down to below 10,000.

So far 60,530,435 people in India have been inoculated since the nationwide COVID-19 vaccination drive started on Jan. 16.
Meanwhile, 241,864,161 tests have been conducted in India till Sunday, out of which 913,319 tests were conducted on Sunday alone, said the latest data issued by the Indian Council of Medical Research (ICMR) on Monday.

The national capital Delhi, one of the most COVID-19 affected places in the country, witnessed 1,881 new cases and nine more deaths through Sunday.
So far 11,006 people have died in the national capital due to COVID-19, according to Delhi’s health department.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.