Videos
အနာဂတ်တွင် အသုံးပြုနိုင်မည့် ကမ္ဘာနှင့် လကမ္ဘာ အကြားသယ်ယူပို့ဆောင်ရေးစနစ်
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုနိုင်မည့် ကမ္ဘာနှင့် လကမ္ဘာ အကြားသယ်ယူပို့ဆောင်ရေးစနစ် ကိုမိတ်ဆက်ခဲ့သည်။ ကမ္ဘာပေါ်မှနေ၍ လကမ္ဘာသို့ ပို့ဆောင်ရာတွင် လက်ရှိ ကုန်ကျစရိတ်၏ ၄ ပုံ ၁ပုံ သာကျသင့်မည်ဖြစ်သော ကောင်းကင်လှေခါးဟု အမည်ပေးထားသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ကမ္ဘာမြေမှ ပစ္စည်းများနှင့်အတူ လူများကိုပါ လပေါ်သို့စေလွှတ်နိုင်ရန် သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။
ကောင်းကင်လှေခါး ပို့ဆောင်ရေးစီမံကိန်းသည် လူ သို့မဟုတ် ကုန်ပစ္စည်းပါဝင်သည့် သတ္တုပို့ဆောင်ရေး ယာဉ်အား ကာဘွန် နာနိုနည်းပညာသုံး ပို့ဆောင်ရေးယန္တရား ကောင်းကင်လှေခါးမှဖြတ်သန်းကာ အာကာသ စခန်းဆီသို့ရောက်ရှိစေမည်ဖြစ်သည်။ ထိုအာကာသစခန်းမှ ထပ်မံလွှတ်တင်ကာ ဒုတိယမြောက် အာကာသစခန်းတည်နေရာသို့ရောက်ရှိပြီးနောက် လမျက်နှာပြင်ပေါ်သို့လှေခါးမှတစ်ဆင့် ဆင်းသက်နိုင်စေရန်စီမံထားသည်။ (Xinhua)