Videos
ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုတ်တပ်ဆင်မှု နောက်ဆုံးအဆင့် ရောက်ရှိ
ကွေ့ကျိုး၊ မတ် ၁၃ (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ်ကို တပ်ဆင်လျက်ရှိသည်။ ကွေ့ကျိုး တောင်တန်းများပေါ်တွင်တည်ရှိသည့် အဆိုပါ ရေဒီယို တယ်လီစကုတ်မှာ အကျယ်အဝန်းအနေဖြင့် ဘောလုံးကွင်း ၃ဝ စာခန့်ရှိသည်။ ယခုတွင် အဆိုပါ တယ်လီစကုတ် တည်ဆောက်ခြင်း လုပ်ငန်းမှာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်သည်။
စက်တင်ဘာလတွင် အချောသတ်ပြီးစီးနိုင်ရန် အဆိုပါ ရေဒီယို တယ်လီစကုတ်ကို တည်ဆောက်နေကြခြင်း ဖြစ်သည်။ လေ့လာသူများ၏ အဆိုအရ အဆိုပါ ရေဒီယိုတယ်လီစကုတ်သည် ရေဒီယိုလိုင်းများ ကို ဖမ်းယူနိုင်မည့်အပြင် အာကာသထဲရှိ သက်ရှိများရဲ့ဖြစ်တည်မှုများနှင့် အကွာအဝေး အလင်းနှစ်၁ဝ သန်း ရှိ ရေဒီယိုလှိုင်းများအထိ ဖမ်းယူနိုင်မည်ဟု ဆိုသည်။ (Xinhua)