Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ ထံသို့ တရုတ် ပြည်သူ သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံတကာမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအား လွှတ်တော်မှ မှတ်တမ်းတင်

နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ထံသို့ နိုင်ငံတကာမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဒုတိယ သမ္မတများ ထံသို့ တရုတ် ပြည်သူ သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံတကာမှ သမ္မတ ၊ ဒုတိယ သမ္မတ နှင့် ဝန်ကြီးချုပ်များက ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ယနေ့ မတ်လ ၃၀ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မှတ်တမ်း တင်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ H.E.Mr.Xi Jinping ၊ စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ Dr.Tony Tan Keng Yam နှင့် ဝန်ကြီးချုပ် Mr.Lee Hsein Loong ၊ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ၊ တူရကီ သမ္မတ နိုင်ငံ သမ္မတ Mr.Recep Tayyip Erdogan ၊ အီတလီ သမ္မတ နိုင်ငံ သမ္မတ H.E.Mr.Sergio Mattarella ၊ ပြည်ထောင်စု သမ္မတ ဂျာမဏီ နိုင်ငံ ဝန်ကြီးချုပ် H.E.Dr.Angela Merkel ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ သမ္မတ H.E.Mr.Truong Tan Sang နှင့် ဝန်ကြီးချုပ် H.E.Mr.Nguyen Tan Dung တို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင် ထားရှိခဲ့သည်။

ထို့အပြင် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဦးဟန်နရီ ဗန်ထီးယူ တို့ထံသို့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ ဒုတိယ သမ္မတ H.E.Mrs.Nguyen Thi Doan ၊ စင်ကာပူ သမ္မတ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသား လုံခြုံရေး ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး ဝန်ကြီး Mr.TEO CHEE HEAN ၊ ဒုတိယ ဝန်ကြီးချုပ် နှင့် စီးပွားရေး လူမူရေး ဆိုင်ရာ မူဝါဒများ ပေါင်းစပ် ညှိနှိုင်းရေး ဝန်ကြီး Mr.THARMAN SHANMUGARATNAM တို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကိုလည်း မှတ်တမ်းတင်ထားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ H.E.Mr.Xi Jinping က ပေးပို့ သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ယခုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးသည် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးကြီးသော အချိန်သို့ ရောက်ရှိနေပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုကို ဆထက် ထမ်းပိုး ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူတို့၏ အကျိုးနှင့် ကိုက်ညီမည် ဖြစ်ပါကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံ မှု အဆက်မပြတ် တည်ငြိမ်စွာ တိုးမြှင့်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား အတွက် အဆွေတော်နှင့် အတူ ကြိုးပမ်း ဆောင်ရွက်နိုင်ရန် ဆန္ဒရှိပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.