Videos
နိုင်ငံတော် သမ္မတ ၏ ဇနီးဒေါ်စုစုလွင် တာဝန်ယူထားသည့် လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ နေရာ ပြောင်းလဲ ဖွဲ့စည်း
နေပြည်တော် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ နေရာအား ယနေ့မတ်လ ၃၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ယခုအခါတွင် ဒေါ်စုစုလွင်၏ ခင်ပွန်းဖြစ်သူ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး ကတိသစ္စာပြုပြီးနောက် နိုင်ငံတော် သမ္မတ၏ ဇနီး အဖြစ် ရောက်ရှိလာပြီးနောက် ၎င်းတာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ နေရာအား ဝါးခယ်မ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်း ဖြင့် ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းကို ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာပြီးနောက် လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုချက် ရယူခဲ့သည်။ (Xinhua)