Connect with us

Videos

ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တာဝန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်း အမျိုးသား လွှတ်တော်၌ လက်ခံ ဆွေးနွေးသွားမည်

နေပြည်တော် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ပြည်ထောင်စု လွှတ်တော်မှ တာဝန် ပေးအပ်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းကို ယနေ့မတ်လ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က စတင် တင်သွင်းခဲ့သည်။

ထိုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က ထောက်ခံ ဆွေးနွေးခဲ့သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.