Videos
ရုရှားနိုင်ငံမှတီထွင် သည့် ပထမဆုံး 3D နည်းပညာသုံး ဂြိုဟ်တုအား နိုင်ငံတကာအာကာသ စခန်းသို့စေလွှတ်
နာဆာ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံမှ တီထွင်သည့် Tomsk-TPU-120 ဟုအမည်ရသောပထမဆုံး 3D နည်းပညာသုံး ဂြိုဟ်တုအား နိုင်ငံတကာအာကာသစခန်းသို့ မတ်လ ၃၁ရက်နေ့က လွှင့်တင်ခဲ့သည်။
နိုင်ငံတကာအာကာသစခန်းသို့ ရောက်လာပြီး ဂြိုဟ်ပတ်လမ်းတွင်ထားရှိမည့် အဆိုပါ ဂြိုဟ်တုအား တွမ်စ် ပိုလီတက် တက္ကသိုလ်ကျောင်းသားများက ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။
ဂြိုဟ်တု အား ဂြိုဟ်ပတ်လမ်း အတွင်း ကီလိုမီတာ ၄ဝဝ အမြင့် တွင် ကမ္ဘာကိုလှည့်ပတ်နိုင်ရန်စီစဉ်ထားပြီး စီမံကိန်းကာလ အား နှစ်ဝက်ခန့်ကြာမည်ဟုခန့်မှန်းရသည်။ အဆိုပါ ဂြိုဟ်တုတွင် အပူချိန်အားတိုင်းတာနိုင်သည့် ဆင်ဆာစနစ် ကိုတပ်ဆင်ပေးထားပြီး အီလက်ထရောနစ်ဆိုင်ရာအချက်ပြမှုများအား အာရုံခံနိုင်သည့်စနစ်ကိုပါ ထည့်ပေးထားသည်။ အဆိုပါ အချက်အလက်များကို ကမ္ဘာမြေသို့ပြန်လည်ပို့ပေးမည်ဖြစ်ကာ သိပ္ပံပညာရှင်များအနေဖြင့် ဂြိုဟ်တု၏ အခြေအနေနှင့် အာကာသပတ်ဝန်းကျင်တွင် အလုပ်လုပ် မည့်အခြေနေများအား လေ့လာနိုင်မည်ဖြစ်သည်။ ရှာဖွေတွေ့ရှိမှုများကို ပြန်လည်လေ့လာဆန်းစစ်ပြီး ပိုမိုကောင်းမွန်သော အာကာသယာဉ်နှင့် အာကာသလွန်းပျံယာဉ်များအား ထပ်မံတည်ဆောက်နိုင်မည်ဟု ရည်ရွယ်ကြောင်းသိရသည်။ (Xinhua)