Connect with us

Videos

ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးနိုင်မည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော်မှ အတည်ပြု

နေပြည်တော် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တာဝန်ပေးနိုင်ရန် ပြဌာန်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ဧပြီ ၁ ရက်တွင် အမျိုးသား လွှတ်တော်မှ အတည်ပြုခဲ့သည်။

ထိုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၇ ဦးတို့က ဥပဒေကြမ်းပါ ဖော်ပြထားသည့် အကြောင်းများ အပေါ် ဆွေးနွေးခဲ့ရာတွင် ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ၊ ထိုကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေ ခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ရယူသင့်ကြောင်း ၊ ဥပဒေအား ပြဌာန်းမည် ဆိုပါက ပြန်လည် ပြင်ဆင် ရေးဆွဲ သင့်ပါကြောင်း ဆွေးနွေး တင်ပြခဲ့သည်။
ထိုဆွေးနွေးတင်ပြချက်များ အပေါ် ဥပဒေကြမ်း ကော်မတီမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဥပကြေမ်းပါ ဖော်ပြထားသည့် အချက်များ အပေါ် တစ်ပုဒ်ချင်း အလိုက် အတည်ပြုရန် လွှတ်တော်၏ ဆန္ဒရယူပြီးနောက် ဥပဒေကြမ်း ကော်မတီ တင်ပြချက် ဖြစ်သည့် မူလအတိုင်း ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ထိုနောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်မှ အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် အဆိုတင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်းက ထောက်ခံခဲ့သဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ရာတွင် မဲခွဲဆုံးဖြတ်ပြီး ထောက်ခံဆန္ဒမဲ ၁၃၇ မဲ ၊ ကန့်ကွက် ဆန္ဒမဲ ၇၀ မဲဖြင့် အတည်ပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.