Politics, Law & Military
မြန်မာ့ရိုးရာ မဟာသြင်္ကန် ပွဲတော်ကြီး အတွက် တာဝန် ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံသူ နိုင်ငံသားများအား ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား
ရန်ကုန်၊ဧပြီ ၁၇ ရက် (ဆင်ဟွာ)
မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကြီး ပြီးဆုံးသွားပြီးနောက် ၎င်းပွဲတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ နိုင်ငံသူ နိုင်ငံသားများအား ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်လွှာတွင် ပြောကြားခဲ့သည်။
၎င်းကျေးဇူးတင်လွှာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူငယ် အဖွဲ့အစည်းများ ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံသူ နိုင်ငံသား အားလုံးအား ကျေးဇူးတင်ရှိကြောင်း ပါရှိသည်။
ရှေ့လာမည့်နှစ်သစ်တွင်လည်း စိတ်သစ်၊ လူသစ်၊ မျှော်လင့်ချက် အသစ်များဖြင့် ဆက်လက် လျှောက်လှမ်းကြရာတွင် နိုင်ငံသူ နိုင်ငံသား အပေါင်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်မှ ၎င်း၏ ကျေးဇူးတင်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)