Connect with us

North America

ကွန်ပျူတာ ဈေးကွက် ကျဆင်းလာခြင်းကြောင့် Intel ကုမ္ပဏီ ဝန်ထမ်း ၁၂,ဝဝဝ လျှော့ချမည်

Intel အမှုဆောင်အရာရှိချုပ် Brian Krzanich ချစ်ပြား ( Chips ) အကြောင်း ရှင်းပြနေစဉ် ( ဆင်ဟွာ )

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ )

PC ကွန်ပျူတာ ဈေးကွက် ရောင်းအား ကျဆင်းလာခြင်းကြောင့် အမေရိကန် ထိပ်တန်းကွန်ပျူတာ ချစ်ပြား ( Chips ) ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ကမ ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၁၂,ဝဝဝ ကို လျှော့ချသွားမည်ဟု ဧပြီလ ၁၇ ရက်တွင် ထုတ်ဖော် ကြေညာလိုက်သည်။

အဆိုပါ ပမာဏသည် Intel ဝန်ထမ်း စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော်ရှိပြီး ထိုသို့ဝန်ထမ်း လျှော့ချလိုက်ခြင်းဖြင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်း ထုတ်လုပ်မှုတွင် ကုန်ကျစရိတ်ငွေ ဘီလီယံပေါင်း များစွာ သက်သာသွားမည်ဟု ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Santa Clara က ပြောသည်။ Intel ၏မူလ လက်ဟောင်း ဖြစ်သော PC ကွန်ပျူတာများ နေရာတွင် Data စင်တာများနှင့် အင်တာနက် ( IoT ) အစားထိုး အသုံးပြု လာနေကြကြောင်း ကုမ္ပဏီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PC ကွန်ပြူတာ ချစ်ပြား ထုတ်လုပ်မှုတွင် Intel သည် ကမ္ဘာ့ ထိပ်တန်း အမှတ်တံဆိပ် အဖြစ် ကာလရှည် ရပ်တည်လာခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က PC ဝယ်လိုအား ကျဆင်းလာခဲ့သည့် အတွက် Intel အနေဖြင့် PC ကွန်ပျူတာ အပေါ်အမှီပြုနေရခြင်းကို လျှော့ချပြီး Cloud ၊ မိုလ်ဘိုင်းဖုန်း နှင့် တခြား ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်း အားထုတ်လာသည်။

“ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်ရဖို့ဘယ်လို လုပ်ကိုင် ဆောင်ရွက်ရ မလဲဆိုတာ ဆိုတာ လွန်ခဲ့တဲ့ နှစ်ကတည်းက ကျနော်တို့လက်တွေ့သရုပ်ပြခဲ့ ပြီးပါပြီ။ အဲဒီ ဦးတည်ချက် ရောက်ဖို့အခုရှိနေတဲ့ အခွင့်အရေးတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်သွားဖို့ပဲ” ဟု Intel အမှုဆောင်အရာရှိချုပ် Brian Krzanich ကပြောသည်။

Intel ဝန်ထမ်း လျှော့ချခြင်း အစီအစဉ်တွင် ပါဝင်မည့် သူများစာရင်းကို ၎င်းအစီအစဉ် စတင်မည့် ရက်ပေါင်း ၆ဝ အတွင်း အသိပေးသွားမည်ဖြစ်သည်။ Intel ကျွမ်းကျင်သူများ အဆိုအရ ဝန်ထမ်း လျှော့ချလိုက်သည့် အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၇၅ဝ သက်သာစေလိမ့်မည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ နှစ်စဉ် ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ သက်သာသွားမည်ဟု ဆိုသည်။

ဧပြီလ ၁၉ ရက်က ထုတ်ပြန်သည့် Intel ၏ ၂ဝ၁၆ ခုနှစ် ပထမ သုံးလပတ် အမြတ်ငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံ ရှိခဲ့ပြီး ယခင်ခန့်မှန်းချက် ၁၂.၇၈ ဘီလီယံ ထက် ပိုမို ရရှိခဲ့ခြင်းဖြစ်သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.